Connect with us

Science & Technology

WeChat ဉာဏ်ရည်တု စကားအပြန်အလှန်ဖလှယ်မှုစနစ် စတင်မိတ်ဆက်

WeChat မှ အသစ်ထုတ်လုပ်လိုက်သည့် WeChat AI ကြော်ငြာဘုတ်တစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ကွမ်ကျုံး ၊ ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ)

ဉာဏ်ရည်တု(AI)နည်းပညာဖြင့် စကားအပြန်အလှန်ပြောနိုင်သည့်စနစ်တစ်ခုကို တရုတ်နိုင်ငံ၏ အကျော်ကြားဆုံးလူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သော WeChat အဖွဲ့သားများက တီထွင်ဖန်တီးခဲ့ပြီး ၊ ယင်းစနစ်ကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် မြို့တော် ကွမ်ကျုံးမြို့၌ ဇန်နဝါရီ ၉ ရက်တွင် စတင်မိတ်ဆက်အသုံးပြုခဲ့ကြောင်း သိရသည်။

၎င်းစနစ်တွင် အသံမှတ်ဉာဏ်နည်းစနစ်တခုပါဝင်ကာ ဂီတနားဆင်မှု ၊ ရာသီဥတုသတင်းရယူမှု ၊ အက်ပလီကေးရှင်း(apps) များချိတ်ဆက်မှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း နှင့် တက္ကဆီငှားရမ်းမှု ၊ ဆိုင်ကယ်မျှဝေသုံးစွဲမှု နှင့် အွန်လိုင်းဈေးဝယ်မှုများအတွက် မီနီပရိုဂရမ်များ တပ်ဆင်ပေးထားကြောင်း WeChat ဒီဇိုင်းထုတ်လုပ်ရေးအဖွဲ့က ဆိုသည်။ ၂ဝ၁၉ ခုနှစ် WeChat နည်းပညာသစ်စတင်ဖွင့်လှစ်ခြင်းကို ဇန်နဝါရီ ၉ ရက် နှင့် ၁ဝ ရက် တို့တွင် လုပ်ဆောင်လျက်ရှိသည်။

WeChat သည် ၂ဝ၁၈ ခုနှစ် ပထမသုံးလအတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၂ သန်းကျော်ကို ဖန်တီးပေးခဲ့ပြီး ၎င်းတို့အနက် ၁.၈ သန်းမှာ မီနီပရိုဂရမ်က ဖန်တီးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကာ စက်မှုလုပ်ငန်းခွဲပေါင်း ၂ဝဝ ကျော်တွင် အလုပ်အကိုင်များ ရရှိခဲ့ကြောင်း WeChat လူမှုကွန်ရက်ကို ပိုင်ဆိုင်သော Tencent Holdings ကုမ္ပဏီ ကဆိုသည်။နေ့စဉ်စာတိုပေးပို့မှုပေါင်း ၄၅ ဘီလီယံနှင့်အတူ လစဉ် WeChat အသုံးပြုသူ ၁ ဘီလီယံကျော်ရှိကြောင်း ကုမ္ပဏီ၏ပြောကြားချက်အရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.