Connect with us

Science & Technology

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်စုစုပေါင်း ၁၇၄ ခု ထုတ်ပေးပြီး ဖြစ်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ ကွင်းဆင်းဆောင်ရွက်နေမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး (၁-၁-၂၀၁၉)ရက်နေ့အထိ လိုင်စင်စုစုပေါင်း ၁၇၄ ခု ထုတ်ပေးပြီး ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။

ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး (၁-၁-၂၀၁၉)ရက်နေ့အထိ Nationwide Telecommunications License (၄) ခု၊ Network Facilities Service (Individual) License (၆၅) ခု၊ Network Service License (၁၈) ခု၊ Network Facilities Service (Class) License (၅၅) ခု၊ Application Service License (၃၂) ခု၊ လိုင်စင်စုစုပေါင်း (၁၇၄) ခု ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.