Connect with us

Social, Education & Health

တရုတ်နိုင်ငံအရှေ့ပိုင်းက ဆရာဝန်လူပုလေး၏ ကြီးမားသောမေတ္တာစေတနာ

ဆရာဝန်လူပုလေး လူနာမှတ်တမ်းစစ်ဆေးနေစဉ်(ဆင်ဟွာ)

နန်ချန်း ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

အသက် ၅၅ နှစ်အရွယ် ရှောင်ကျုံလင်(Xiao Jiulin) သည်  တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ကျေးရွာလေးတစ်ရွာတွင် ဆေးကုသပေးနေသည့် ကျေးလက်ဆရာဝန်တစ်ဉီးဖြစ်သည်။ အသက် ၃ နှစ်သားအရွယ်တွင် ရှောင်သည် အပြင်းဖျားဝေဒနာတစ်ခု ခံစားခဲ့ရပြီးနောက် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု ဖြစ်ပေါ်ခဲ့ရသည်။

ယင်းဝေဒနာကြောင့်ပင် ၎င်း၏ ခန္ဓာကိုယ် အရပ်အမောင်းသည် ထပ်မံမြင့်မားလာခြင်း မရှိတော့ဘဲ အရပ်အမြင့် ၉၀ စင်တီမီတာဖြင့် ရပ်တံ့သွားခဲ့သည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်သည်။ 

ထိုသို့အရပ်အမောင်း မပြည့်မီခြင်းကြောင့် ရှောင်၏ လူမှုဘဝတစ်လျှောက်တွင် အခက်အခဲများစွာဖြင့် ကြုံတွေ့ခဲ့ရသည်။ သို့သော် သူသည် ဘဝကို အရှုံးမပေးဘဲ ဆက်လက်ကြိုးစားခဲ့ခြင်းကြောင့် ဆရာဝန်တစ်ဉီးဖြစ်လာခဲ့သလို  ရောဂါဝေဒနာခံစားနေရသည့် လူနာများစွာကို အကူအညီပေးနိုင်သည့် မေတ္တာရှင်တစ်ဉီးလည်း ဖြစ်လာခဲ့သည်။

ဆရာဝန်လူပုလေးက Yangang ကျေးရွာအနီးအနားတစ်ဝိုက်တွင် လှည့်လည်ဆေးကုသနေစဉ်(ဆင်ဟွာ)

ဆရာဝန်လူပုလေးက Yangang ကျေးရွာအနီးအနားတစ်ဝိုက်တွင် လှည့်လည်ဆေးကုသနေစဉ်(ဆင်ဟွာ)

ဆရာဝန်လူပုလေးက Yangang ကျေးရွာအနီးအနားတစ်ဝိုက်တွင် လှည့်လည်ဆေးကုသနေစဉ်(ဆင်ဟွာ)

ဆရာဝန်လူပုလေး၏ ဇနီးဖြစ်သူက ဆေးကုသမည့်နေရာသို့ ဆိုင်ကယ်ဖြင့်လိုက်လံပို့ဆောင်ပေးစဉ်(ဆင်ဟွာ)

ဆရာဝန်လူပုလေး၏ ဇနီးဖြစ်သူက ဆေးကုသမည့်နေရာသို့ ဆိုင်ကယ်ဖြင့်လိုက်လံပို့ဆောင်ပေးစဉ်(ဆင်ဟွာ)

ဆရာဝန်လူပုလေးက ရွာသားများအတွက် ကျန်းမာရေး အသိဖြန့်ဝေပေးစဉ်(ဆင်ဟွာ)

ဆရာဝန်လူပုလေးက ရွာသားများအတွက် ကျန်းမာရေး အသိဖြန့်ဝေပေးစဉ်(ဆင်ဟွာ)

ဆရာဝန်လူပုလေး ဗီဒိုထဲသို့ ဆေးပုလင်းများ စီထည့်နေစဉ်(ဆင်ဟွာ)

ရှောင်သည် ၁၉၈၉ ခုနှစ်တွင် တရုတ်ပြည်တွင်း ဆေးဘက်ပညာသင်ကျောင်းတစ်ခုမှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပြီး ကျေးလက်ဒေသဆေးကုသခွင့်လိုင်စင်လက်မှတ်အတွက် စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သည်။ထို့နောက်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း Duanwaမြို့နယ် ယင်ကန်းကျေးရွာ(Yangang)၌ ဆေးခန်းဖွင့်ကာ ကျေးလက်ဆရာဝန်တစ်ဉီးဖြစ်လာခဲ့သည်။

ပြီးခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ရှောင်သည် ၎င်းဆေးခန်းဖွင့်ထားသည့် ရွာအနီးပတ်ဝန်းကျင်ရှိ ရွာပေါင်းများစွာသို့ တစ်ကိုယ်တော်လှည့်လည်၍ အမြဲလိုလို ဆေးကုသမှုပြုလုပ်ခဲ့သည်။ ထိုသို့ တစ်ရွာဝင်တစ်ရွာထွက် ဆေးကုသမှုသွားရောက်ရာတွင် ရှောင်၏ ဇနီးဖြစ်သူဟွမ်ဆူးကျိန်း (Huang Shuzhen) က ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ကာ အဖော်မွန်ကောင်းအဖြစ် အကူအညီပေးခဲ့သည်။

“ ကျနော်ဆရာဝန်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ ဘယ်အရာကိုမျှ လွယ်လွယ်ကူကူ အရှုံးမပေးတတ်တော့ဘူး ၊ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ရောဂါဝေဒနာပေါင်းစုံကို ခံစားခဲ့ရတယ်။ ကျွန်တော်ခံစားရသလိုမျိုး တစ်ခြားလူတွေကို ရောဂါဝေဒနာမခံစားရအောင် ကူညီဖို့ ဆုံးဖြတ်ခဲ့တယ် ၊ အဲဒီအတွက် အခုချိန်မှာ လူနာတွေဆီက လေးစားယုံကြည်မှုကိုကျွန်တော်ပြန်ရရှိခဲ့တယ်  ” ဟု ရှောင်က ဆိုသည်။(Xinhua)