Connect with us

Social, Education & Health

တရုတ်နိုင်ငံက ဗီဇာမလိုဘဲ ဖြတ်သန်းသွားရောက်နိုင်သည့် မြို့များ တိုးချဲ့

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြို့ရှိ Hongyadong စင်တာ၏ ညဘက်မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ဒီဇင်ဘာ ၁ ရက်မှစတင်၍ သတ်မှတ်ချက်နှင့်ကိုက်ညီသော နိုင်ငံတကာခရီးသွားများ အတွက် ဗီဇာမလိုဘဲ ၁၄၄ နာရီအတွင်း ဖြတ်သန်းသွားရောက်ခွင့်ပြုသည့် နယ်စပ်ဆိပ်ကမ်းမြို့အရေအတွက်ကို ၂၇ ခုအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း အမျိုးသား လူဝင်မှုကြီးကြပ်ရေးဉီးစီးဌာန (NIA) က အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

အသစ်ထပ်တိုးလိုက်သော ဆိပ်ကမ်းမြို့များမှာ တရုတ်နိုင်ငံ အနာက်တောင်ပိုင်းရှိ ချုံချင်းမြူနီစီပယ်၊ ဆန်းရှီပြည်နယ် အနောက်မြောက်ပိုင်းမြို့တော် ရှီးအန်းနှင့် နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ နင်းပေါမြို့တို့ဖြစ်သည်။

အဆိုပါ စာရင်း၌ ပေကျင်း၊ ထျန်းကျင်း၊ ရှန်ဟိုင်း၊ ဟန်ကျိုး၊ ချင်းသောင်၊ ဝူဟန်နှင့် ကွမ်ကျိုး စသည့် တရုတ်နိုင်ငံတစ်ဝန်း အဓိကမြို့ကြီးများ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ရှိ Elephant Trunk Hill ခရီးသွားဧည့်သည်များ အပန်းဖြေစခန်းတွင် ဝါးဖောင်များဖြင့် သွားလာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြို့ရှိ Nantian ရေကန် ရှုမျှော်ခင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် အခြား ဆိပ်ကမ်းမြို့သုံးမြို့ဖြစ်သော ချန်ရှ၊ ကွေ့လင်နှင့် ဟာဘင်တို့၌လည်း ဗီဇာမလိုဘဲ ၇၂ နာရီကြာ ဖြတ်သန်းသွားလာခွင့်မူဝါဒ ခွင့်ပြုထားကြောင်း သိရသည်။

တရုတ်နိုင်ငံတော် ကောင်စီမှ ခွင့်ပြုထားသည့် ဖြတ်သန်းသွားလာရန် ဗီဇာကင်းလွတ်ခွင့်မူဝါဒအား ဩစတြေးလျ၊ ချက်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ အမေရိကန်၊ ဘရာဇီး၊ ဂျပန်နှင့် ကာတာနိုင်ငံ အပါအဝင် နိုင်ငံ ၅၃ နိုင်ငံမှ ပြည်သူများအတွက် အတည်ပြုထားကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.