Connect with us

Social, Education & Health

တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးတွင် အင်တာနက်က ကူညီဟုဆို

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် စိုက်ခင်းတစ်ခုအတွင်း ဟင်းသီးဟင်းရွက်များ ရိတ်သိမ်းနေမှုအား တိုက်ရိုက်ထုတ်လွှင့်နေသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးသည့် ကျေးရွာများတွင် နေထိုင်သူများ၏ ၉၈ ရာခိုင်နှုန်းသည် ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ fiber-optic ကေဘယ်မှတစ်ဆင့် အင်တာနက် ဝင်ရောက်အသုံးပြုလျက်ရှိပြီး ၂၀၁၇ ခုနှစ်က ၇၀ ရာခိုင်နှုန်းအောက်ရှိရာမှ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ အင်တာနက် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အစီရင်ခံစာ အရ သိရသည်။

တစ်ချိန်တည်းမှာပင် အလွန်ဆင်းရဲနွမ်းပါးသည့်ဒေသများရှိ ကျေးရွာများ၌ နေထိုင်သည့် လူဦးရေ ၉၈ ရာခိုင်နှုန်းသည် ကြိုးမဲ့အင်တာနက်ချိတ်ဆက်စနစ် (broadband) သို့ ဝင်ရောက်အသုံးပြုလျက်ရှိကာ ၁၃ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကာလ (၂၀၁၆-၂၀၂၀) ၏ ရည်မှန်းချက်ပန်းတိုင်များအနက်တစ်ခုဖြစ်သော ဆင်းရဲသည့်ကျေးရွာများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို broadband လွှမ်းခြုံနိုင်ရေးကို စောစီးစွာ ပြည့်မြောက်သွားသည့် အထိမ်းအမှတ်လည်း ဖြစ်ကြောင်း တရုတ် အင်တာနက်ကွန်ရက် သတင်းအချက်အလက်စင်တာမှ ထုတ်ပြန်သည့် အစီရင်ခံစာက ဆိုသည်။

ကျေးလက်ဒေသများအတွင်း အင်တာနက်ထိုးဖောက်ဝင်ရောက်နိုင်မှုနှုန်းသည် မတ်လက ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိရာမှ ၅၃ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး မြို့ပြနှင့်ကျေးလက်ကြား ဒီဂျစ်တယ်ကွာဟမှု ကျဉ်းမြောင်းလာကြောင်း အဆိုပါ သတင်းက ပြသထားသည်။

စင်တာမှ အချက်အလက်များအရ ဇွန်လက အင်တာနက်အသုံးပြုသူများ၏ ၄၇ ဒသမ ၁ ရာခိုင်နှုန်းက လိုအပ်နေသူများကို အကူအညီပေးရန် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလှူဒါန်းမှုများပြုလုပ်ခဲ့ပြီး မတ်လက ကိန်းဂဏန်းများထက် ပွိုင့် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အင်တာနက်အသုံးပြုသူများ၏ ၃၄ ဒသမ ၆ ရာခိုင်နှုန်းသည် နွမ်းပါးသည့်ဒေသများရှိ စိုက်ပျိုးရေးထုတ်ကုန်များကိုအွန်လိုင်းမှ ငွေပေးချေဝယ်ယူခဲ့ကြပြီး မတ်လနှင့်နှိုင်းယှဉ်လျှင် ပွိုင့် ၁၁ ဒသမ ၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ခက်ခဲနေသူများကို အကူအညီများ၊ အလုပ်အကိုင်များ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများ ထောက်ပံ့ခြင်းများအပြင် e-commerce တိုက်ရိုက်ထုတ်လွှင့်မှုက ဆင်းရဲသောဒေသများရှိ နေထိုင်သူများ၏ ထုတ်ကုန်များကို ရောင်းချခြင်းများ၌ အကူအညီပေးခဲ့သော အင်တာနက်၏ အခန်းကဏ္ဍကို လူအများ နားလည်သဘောပေါက်လာပြီဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.