Connect with us

Social, Education & Health

တရုတ်နိုင်ငံရှိ မသန်စွမ်းအမျိုးသမီး ၂ ဒသမ ၅၅ သန်းကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲတင်နိုင်ခဲ့

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် Yicuan ခရိုင်တွင် မသန်စွမ်းအမျိုးသမီး Fu Fanping က ၎င်း၏ကိုယ်ပိုင်အွန်လိုင်းစတိုးဆိုင်အတွက် ထုတ်ကုန်များ ပြင်ဆင်နေရာချနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည်  ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လိုအပ်ချက်ရှိနေသည့် အမျိုးသမီး ၂ ဒသမ ၅၅ သန်းကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင်ကူညီနိုင်ခဲ့ကြောင်း တရုတ် မသန်စွမ်းသူများအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ၂၈ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မသန်စွမ်းအမျိုးသမီး ဦးရေ ၁၀ ဒသမ ၅ သန်းကျော်သည် အသက်မွေးမှု သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ငွေများ လက်ခံရရှိခဲ့ကြောင်း ယင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Lyu Shiming က စာတမ်းဖတ်ပွဲတစ်ခု၌ ပြောခဲ့သည်။

နိုင်ငံအတွင်းရှိ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိသော မသန်းစွမ်းအမျိုးသမီး ၅ ဒသမ ၉ သန်းအနက် ၁ ဒသမ ၉၅ သန်းခန့်သည် အသက်မွေးမှုသင်တန်းများ သင်ကြားခဲ့ရပြီး ၂ ဒသမ ၅၄ သန်း သည် အလုပ်အကိုင်ရရှိခဲ့ကြောင်း Lyu က ဆိုသည်။ 

အဆိုပါ စာတမ်းဖတ်ပွဲသို့ လူမှုအသိုင်းအဝိုင်းရှိ ကဏ္ဍအမျိုးမျိုးမှ အဖွဲ့အစည်း ကိုယ်စားလှယ် ၂၀ ဦးကို ၎င်းတို့၏ ဘဝဇာတ်ကြောင်းနှင့် အလုပ်အကိုင်များအကြောင်း ဝေမျှပေးရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။  (Xinhua)