Connect with us

Social, Education & Health

တရုတ်မှ ဓာတ်ဆီများ နီပေါ လက်ခံရရှိ

နီပေါ ရေနံ ကော်ပိုရေးရှင်း (NOC) ဆီတင်ယာဉ်ဖြင့် တရုတ်အစိုးရမှ ထောက်ပံ့ ပေးသော ဓာတ်ဆီများ သယ်ဆောင်လာစဉ် (ဆင်ဟွာ)

ရာစူဝါ၊ နီပေါ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ပထမအဆင့် အသုတ်အဖြစ် ပို့ဆောင်လိုက်သော ဓာတ်ဆီ ၇၃.၅ မက်ထရစ်တန်အား နီပေါနိုင်ငံ က လက်ခံရရှိကြောင်း နိုဝင်ဘာလ ၁ ရက်၌ နီပေါနိုင်ငံက တရားဝင် ပြောကြား လိုက်သည်။

တရုတ်နိုင်ငံရှိ နီပေါ ရေနံ ကော်ပိုရေးရှင်း (NOC) မှ တင်ပို့သည့် ပထမဆုံး အကြိမ် တင်ပို့ခြင်းတွင် လောင်စာ သိုလှောင်ယာဉ် ၁၂ စီး ပါဝင်ပြီး စနေနှင့် တနင်္ဂနွေ နေ့များတွင် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

“နှစ်ရက်အတွင်း ဓာတ်ဆီ ၇၃.၅ မက်ထရစ်တန် တရုတ်နိုင်ငံကနေ ကျွန်တော်တို့ လက်ခံ ရရှိခဲ့ပါတယ်” ဟု NOC မှ ပြောရေး ဆိုခွင့်ရှိသူ ဒီပတ် ဘာရယ်က ဆင်ဟွာသို့ ပြောသည်။

လောင်စာဆီဖြည့် ယာဉ်များသည် တောတောင် ထူထပ်သော ရာစူဝါ ခရိုင် မြောက်ပိုင်းမှ ခတ္တမန္ဒူ တောင်ကြားသို့ ဖြတ်သန်းသွားခဲ့ ကြောင်း နီပေါနိုင်ငံမှ ပြောကြားခဲ့သည်။ (Xinhua)