Connect with us

Social, Education & Health

ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဟူပေပြည်နယ်သို့ ဆေးဘက်ဝန်ထမ်း ၆,၀၀၀ စေလွှတ်

ဝူဟန့်မြို့၌ တာဝန်ထမ်းဆောင်ရန်သွားရောက်မည့် ဇနီးသည်သူနာပြုဆရာမအား ခင်ပွန်းဖြစ်သူမှ ရှန်ဟိုင်းမြို့တွင် နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုအား တားဆီးရန်အတွက် ဟူပေပြည်နယ်သို့ နိုင်ငံတစ်ဝှမ်းမှ ဆေးဘက် ဝန်ထမ်းပေါင်း ၆,၀၀၀ နီးပါး စေလွှတ်ခဲ့ကြောင်း ကျန်းမာရေးအရာရှိတစ်ဦးက ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဆေးဘက်ဝန်ထမ်း ၄,၁၃၀ ဦးသည် အဖွဲ့ ၃၀ ဖွဲ့ ခွဲ၍ ဟူပေသို့ရောက်ရှိနေပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြပြီးဖြစ်ကြောင်း တရုတ်နိုင်ငံအမျိုးသား ကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Jiao Yahui က ပေကျင်းမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ နောက်ထပ် ဆေးဘက်ဝန်ထမ်းပေါင်း ၁,၈၀၀ ဦးသည် ဇန်နဝါရီ ၂၈ ရက် နှောင်းပိုင်းတွင် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဝူဟန့်မြို့သို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် ကွမ်တုန်းမြို့မှ ဆေးဘက်ဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ ဆေးဘက်ဝန်ထမ်း ပထမဆုံးသုတ်ကို ရှန်ဟိုင်းနှင့် ကွမ်တုန်း တို့မှ ဇန်နဝါရီ ၂၄ ရက်တွင် စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ စေလွှတ်ခံရသော ဆေးဘက် ဝန်ထမ်းများသည်  ရောဂါပြန့်နှံ့မှုများစွာဖြစ်ပေါ်နေသော ဟူပေပြည်နယ်တွင် လုပ်ကိုင်နေကြသည့် ဆရာဝန်များနှင့် သူနာပြုများအား ဝိုင်းဝန်းကူညီပေးရန် ဖြစ်သည်။

ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းထိ ကောက်ယူရရှိသော အချက်အလက်များအရ ဟူပေပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ၂,၇၁၄ ဦး နှင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ ၂,၅၆၇ ဦးရှိကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဟူပေပြည်နယ် ကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ထို့ပြင် ပြည်နယ်တစ်ဝန်းရှိ ဆေးရုံများတွင် ဇန်နဝါရီ ၂၇ ရက်အထိ အဖျားလူနာစုစုပေါင်း ၃၁,၉၃၄ ဦးတက်ရောက် ကုသမှုခံယူနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.