Connect with us

Social, Education & Health

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ဝူဟန့်မြို့သို့ သွားရောက်၍ ကိုရိုနာအဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည်များကို ညွှန်ကြား 

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် ဟူပေပြည်နယ် ဝူဟန့်မြို့ ကျင်းရင်ထန်ဆေးရုံသို့ သွားရောက်၍ ဆေးကုသရေးဝန်ထမ်းများနှင့်တွေ့ဆုံစဉ်(ဆင်ဟွာ)

ဝူဟန့်၊ ဇန်နဝါရီ ၂၈  ရက်(ဆင်ဟွာ)

သမ္မတရှီကျင့်ဖိန်၏တာဝန်ပေးအပ်မှုဖြင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် ဦးဆောင်သည့် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါဖြေရှင်းရေး ဗဟို ဦးဆောင်အဖွဲ့သည် ဇန်နဝါရီ ၂၇ ရက်က ဝူဟန့်သို့ သွားရောက်၍ ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ရှေ့တန်းက ပါဝင်ဆောင်ရွက်ကြသည့် ဆေးကုသရေးဝန်ထမ်းများအား ပါတီနှင့်နိုင်ငံတော်ကောင်စီကိုယ်စား အားပေးစကားပြောကြားခဲ့ ကြောင်း သိရသည်။

ဒေသအသီးသီးဌာနအသီးသီးမှ ဗဟိုနိုင်ငံရေးဗျုရို အမြဲတမ်းကော်မတီ အစည်းအဝေး၏ စိတ်ဓါတ်ဖြင့် ဗဟိုကွန်မြူနစ်ပါတီ၊ နိုင်ငံတော်ကောင်စီ၏ဆုံးဖြတ်ချက်မူဝါဒအစီအမံများကို အကောင်အထည်ဖော်ကာ အများပြည်သူ၏ အသက်အိုးအိမ်လုံခြုံရေးနှင့် ကျန်းမာရေးကို ဦးထိပ်ထားကာ တက်ညီလက်ညီ တစ်စိတ်တစ်ဝမ်းတည်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အကောင်းဆုံးလုပ်ဆောင်သွားကြရန် ဝန်ကြီးချုပ်လီခဲ့ချန်က အလေးအနက် ထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် ဟူပေပြည်နယ် ဝူဟန့်မြို့ ကျင်းရင်ထန်ဆေးရုံသို့ သွားရောက်၍ ဆေးကုသရေးဝန်ထမ်းများနှင့်တွေ့ဆုံစဉ်(ဆင်ဟွာ) 

ဝန်ကြီးချုပ် လီခဲ့ချန်သည် လေယာဉ်မှ ဆင်းသက်သည်နှင့် ကိုရိုနာအဆုတ်ရောဂါရှိသူ အရေးပေါ် လူနာများကို အများဆုံး လက်ခံကုသပေးနေသည့် ဝူဟန့်မြို့ ကျင်းရင်ထန်ဆေးရုံသို့ သွားရောက်၍  အထူးကြပ်မတ်ကုသဆောင်(ICU)၌ တာဝန်ထမ်းဆောင်နေသည့် ဆေးကုသရေး ဝန်ထမ်းများ၊ ဝူဟန့်သို့ အကူအညီပေးရန် ရောက်ရှိနေသည့် တရုတ်နိုင်ငံ နေရာဒေသအသီးသီးမှလာသော ဆရာဝန်များ၊ စစ်ဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေးဖလှယ်ခဲ့သည်။  ရောဂါကုသပေးရာတွင် အစွမ်းကုန်ဆောင်ရွက်ကြရမည်ဖြစ်သလို မိမိကိုယ်ကိုလည်း ဂရုစိုက်ကာကွယ်ကြရန် မျှော်လင့်ကြောင်း ဝန်ကြီးချုပ်လီခဲ့ချန်က ပြောကြားခဲ့သည်။ ဆေးကုသသုံးအကာအကွယ်အင်္ကျီနှင့်မျက်မှန်စသည့် အသုံးအဆောင်ပစ္စည်းများ ပုံမှန်လိုအပ်ကြောင်း သူနာပြုအင်အားတိုးမြှင့်ရန် လိုအပ်ကြောင်း ဝန်ထမ်းများက ပြောကြားသည့်အခါတွင် လီခဲ့ချန်က သက်ဆိုင်ရာ ဌာန တာဝန်ရှိသူများအား ညှိုနှိုင်းဖြေရှင်းရန် ချက်ချင်းညွှန်ကြားခဲ့ရာ ဆေးကုသရေးဝန်ထမ်းအင်အားလိုအပ်သည့် ဆေးကုသသုံးပစ္စည်းများကို ဝူဟန့်သို့ဦးစားပေး ဖြည့်ဆည်းရန်၊ ရောဂါကုသရေးလိုအပ်ချက်ကို အချိန်နှင့်အမျှဦးစားပေးဆောင်ရွက်ရန် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် ဝူဟန့်မြို့၌ အသစ်တည်ဆောက်နေသည့် ဟောဆန်ဆေးရုံလုပ်ငန်းခွင်သို့သွားရောက်၍ အလုပ်သမားဝန်ထမ်းများအား အားပေးစကား ပြောကြားစဉ်(ဆင်ဟွာ)

ထို့နောက်  အသစ်တည်ဆောက်နေသည့် ဟောဆန်ဆေးရုံလုပ်ငန်းခွင်သို့သွားရောက်၍ လုပ်ငန်းခွင် အလုပ်သမားဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့သည်။ ရောဂါဘယတိုက်ဖျက်ခြင်းသည် မီးငြှိမ်းရာနှင့်တူရာ အချိန်လုကြိုးပမ်းတည်ဆောက်နေသည့် ဆေးရုံသည် ရောဂါဖြစ်ပွားသူများကို အချိန်မီ ကုသပေးနိုင်မည့်လုံခြုံရာနေရာဖြစ်ကြောင်း ၊ ရောဂါဖြစ်ပွားသူကုသပေးသင့်သူအားလုံးကို  ဆေးဝါးကုသပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း  လီခဲ့ချန်က ပြောကြားခဲ့သည်။

ဆက်လက်၍ လီခဲ့ချန်သည် ဝူဟန့်မြို့ရှိ ကုန်တိုက်စူပါမာကက်ဈေးများသို့ သွားရောက်ကာ ကုန်စည်ထောက်ပံ့ရေးအခြေအနေနှင့်ဈေးနှုန်းအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူများ ဝူဟန့်၏ကြောထောက်နောက်ခံအားထားရာဖြစ်ကြောင်း နှင့် ကုန်စည်ပစ္စည်းများ အပြည့်အစုံရှိရာ အစိမ်းရောင်လမ်းကြောင်း(green passages) ထားရှိပြီးဖြစ်ရာ လိုအပ်သလို ပို့ဆောင်ပေးမည်ဖြစ်ရာ ကုန်ပစ္စည်းနှင့် ဈေးနှုန်းတည်ငြိမ်မှုသည် အာမခံမှုရှိကြောင်း ၊ အခွင့်ယူဈေးတင်ရောင်းချမှုများကို ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် ဝူဟန့်မြို့ရှိ ကုန်တိုက်သို့ သွားရောက်လေ့လာစဉ်(ဆင်ဟွာ)

ဟူပေပြည်နယ်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ ဓါတ်ခွဲခန်းတွင် ကိုရိုနာဗိုင်းရပ်စ် သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန် အားပေးအမှာစကားပြောကြားခဲ့သည်။ထို့နောက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအစည်းအဝေးခေါ်ယူကာ နောက်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။လီခဲ့ချန်က တောင်းဆိုသည့်လိုအပ်ချက်များကို လက်တွေ့ ဆောင်ရွက်နေပြီဖြစ်ကြောင်း လာမည့်နှစ်ရက်အတွင်း ဆေးကုသရေးဝန်ထမ်း ၂၅၀၀ ဝူဟန့်သို့လာရောက်ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ဆေးကုသသုံး မျက်မှန် ၂ သောင်းကို ယနေ့ညနေတွင် အရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဝူဟန့်တွင် နေ့စဉ်လိုအပ်သည့် ဆေးကုသသုံးအကာအကွယ်ပစ္စည်းများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၊ နောက်ထပ် လူအင်အားအရသော်လည်းကောင်း၊ ပစ္စည်းကိရိယာအရသော်လည်းကောင်း၊ အသုံးစားရိတ်အရသော်လည်း လိုအပ်ချက်များ ရှိပါက နိုင်ငံတော်မှ ဦးစားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟူပေပြည်နယ်နှင့် ဝူဟန့်မြို့သည် ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းကို အစွမ်းကုန်ဆောင်ရွက်သွားကာ ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်များနှင့် လူမှုအသိုက်အဝန်း အလေးထားဂရုပြုသည်များကို အချိန်နှင့်အညီ အများသိအောင် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန်၊ ရောဂါဖြစ်ပွားနှုန်း၊ သေဆုံးမှုနှုန်းကျဆင်းစေရန် ထိရောက်သည့် ရောဂါထိန်းချုပ်မှုများဆောင်ရွက်ကာ အများပြည်သူ၏အသက်အိုးအိမ်နှင့်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန်၊ သမ္မတရှီဦးဆောင်သည့် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဆောက်ရွက်ချက်များကို ခိုင်မာစွာ ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။  (Xinhua)