Connect with us

Social, Education & Health

ကပ်ရောဂါ ဖြစ်ပွား နေသည့် ဝူဟန့် မြို့ အတွက် လတ်ဆတ်ကောင်းမွန် သည့် ဟင်းသီးဟင်းရွက် တန် ၃၀၀ အား မိုင်းပေါင်းများစွာ ကွာဝေးသည့် ဟဲဖေး မြို့ မှ ကူညီထောက်ပံ့

ဟဲဖေး မြို့ မှ ဝူဟန့် မြို့ သို့ လတ်ဆတ်ကောင်းမွန်သည့် ဟင်းသီးဟင်းရွက်များ သွားရောက် ကူညီထောက်ပံ့ပေးမည့် ကုန်တင်ကားများအာ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟဲဖေ ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

လတ်ဆတ်ကောင်းမွန် သော ဟင်းသီးဟင်းရွက် များ သယ်ဆောင်ထား သည့် ကုန်တင်ကားကြီး ၁၃ စင်း က ဟန်းဟွေး ပြည်နယ် ဟဲဖေး မြို့ရှိ လက်ကားဈေး မှ မိုင်းပေါင်း ၅၀၀ ကျော် ကွာဝေးသည့် ဝူဟန့် မြို့ သို့ ကူညီထောက်ပံ့ပေးရန် ဇန်နဝါရီ ၃၀ ရက် ၌ စတင်ထွက်ခွာ ခဲ့သည်။

ယင်းတန်ချိန်ပေါင်း ၃၀၀ ရှိသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် များ က ဟဲဖေးမြို့ မှ ဝူဟန့် မြို့ အား ကူညီထောက်ပံ့ပေးခြင်း ဖြစ်ပြီး ဝူဟန့် မြို့ ၏ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး အပေါ် ထောက်ခံအားပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဟဲဖေး မြို့ မှ ဝူဟန့် မြို့ သို့ လတ်ဆတ်ကောင်းမွန်သည့် ဟင်းသီးဟင်းရွက်များ သွားရောက် ကူညီထောက်ပံ့ပေးမည့် ကုန်တင်ကားများအာ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟဲဖေး မြို့ မှ ဝူဟန့် မြို့ သို့ လတ်ဆတ်ကောင်းမွန်သည့် ဟင်းသီးဟင်းရွက်များ သွားရောက် ကူညီထောက်ပံ့ပေးမည့် ကုန်တင်ကားများအာ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့် မြို့ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ဆောင်စဉ် အတွင်း ဈေးကွက် ထောက်ပံ့မှု အာမခံချက် ရှိရန် အတွက် ဟဲဖေး မြို့ အစိုးရ အနေဖြင့် အရေးပေါ် အကြောင်းကြားချက် တစ်ရပ် ထုတ်ပြန် ခဲ့ပြီး လူသုံးကုန် ပစ္စည်း ထောက်ပံ့ရေး အဖွဲ့ ဖွဲ့စည်း ကာ ဝူဟန့် မြို့ အား ကူညီထောက်ပံ့မှုများ ပြုလုပ်စေခဲ့သည်။

ဟဲဖေးမြို့ ကျုံးကူသွင်း လက်ကားဈေး ၏ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦး က ဟဲဖေးမြို့ အစိုးရ ၏ အကြောင်းကြားစာ အား လက်ခံရရှိပြီးနောက် တွင် မိမိ တို့ အနေဖြင့် နေ့ညမအား အချိန်ပို ဆင်းကာ ဟင်းသီးဟင်းရွက် ကုန်သည်များ အား အရေးပေါ် စုစည်း ခဲ့ကြောင်း ၊ ထို့နောက် တရုတ်ယွမ်ငွေ ၂သန်းကျော် တန်းဖိုးရှိသော ဟင်းသီးဟင်းရွက် တန်ချိန် ၃၀၀ အား မှာယူ ခဲ့ပြီး ယင်းပမာဏ က အိမ်ထောင်စုပေါင်း တစ်သောင်း တစ်ပတ်တိတိ စားသုံးမှု ကို လုံလောက်စွာ ထောက်ပံ့ပေး နိုင်ကြောင်း ၊ အဆင့်ဆင့်သော အရည်အသွေး စစ်ဆေးမှုများ ထားရှိခြင်းကြောင့် ဝူဟန့် မြို့ ပြည်သူလူထု များ အနေဖြင့် စိတ်ချစွာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ကို စားသုံး နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဟင်းသီးဟင်းရွက် သွားရောက် ပို့ဆောင်မည့် ယာဉ်မောင်းများ နှင့် အတူတကွ ဆေးဘက် ဆိုင်ရာ တာဝန်ရှိသူ များ လိုက်ပါ သွားမည် ဖြစ်ပြီး ကာကွယ်ရေး ဝတ်စုံများ ၊ ကာကွယ်ရေး မျက်နှာဖုံးများ ၊ ပိုးသက်ဆေးများ နှင့် ခရီးအပြန်တွင် လိုအပ်သည့် အစားအသောက် များကိုလည်း ယူဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)