Connect with us

Social, Education & Health

တရုတ်က ဖိလစ်ပိုင်သို့ ကန်ဒေါ်လာ တစ်သိန်းတန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်း

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက တိုင်ဖွန်းမုန်တိုင်း ဟိုင်မာ ဝင်ရောက်ခဲ့မှုကြောင့် အပျက်အစီးများဖြစ်ပေါ်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားသည့် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က ယင်းလှူဒါန်းမှုအကြောင်းအရာအပြင် တရုတ်အစိုးရက ဖိလစ်ပိုင်နိုင်ငံသို့ ထပ်မံထောက်ပံ့မှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပုံမှန်သတင်းရှင်းလင်းပွဲတစ်ခု၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လုက ဖိလစ်ပိုင်အစိုးရ၏ ခေါင်းဆောင်မှုနှင့်အတူ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများသည် ယင်းသဘာဝဘေးအန္တရာယ်အား ကျော်လွှားနိုင်ပြီး ပုံမှန်နေထိုင်မှုအခြေအနေသို့ အမြန်ဆုံးပြန်ရောက်နိုင်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ပါကြောင်းပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်မာကြောင့် သေဆုံးသူအရေအတွက်သည် အောက်တိုဘာ ၂၂ရက်တွင် ၁၆ဦးရှိလာခဲ့ပြီး မိသားစုပေါင်း ၃၅,၄၈၆စု (သို့) လူပေါင်း ၁၄၉,၆၅၉ဦး နေအိမ်များ ပျက်စီးခဲ့ရပြီး အများစုသည် ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ ကယ်ဆယ်ရေးစင်တာ ၆၄၃ခုအနက် တစ်ခု တွင် မှီခိုနေထိုင်လျက်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ် လျှော့ချရေး နှင့် စီမံခန့်ခွဲရေး ကောင်စီကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.