Connect with us

Social, Education & Health

ကွမ်တုံတွင် ဆွန်ယက်ဆင် နိုင်ငံတကာ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပ

တရုတ်နိုင်ငံခေါင်းဆောင် ဒေါက်တာဆွန်ယက်ဆင် ပုံတူရုပ်တု အားတွေ့ ရစဉ်(ဆင်ဟွာ)

ကွမ်တုံ ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် ဒေါက်တာဆွန်ယက်ဆင်၏ နှစ် ၁၅ဝ ပြည့် မွေးနေ့ကို ပြန်ပြောင်း သတိရသောအားဖြင့် သုံးရက်ကြာကျင်းပသည့် ဆွန်ယက်ဆင် နိုင်ငံတကာပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာလ ၁၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါက်တာဆွန်ယက်ဆင်၏ မွေးဖွားရာ ချောင်ရှန်မြို့(Zhongshan) ၌ကျင်းပသည့် ညီလာခံသို့အမေရိကန် ၊ စင်ကာပူ ၊ ရုရှား၊ဂျပန် ၊ ပြင်သစ် နှင့် တရုတ်နိုင်ငံများရှိ သုသေတန စင်တာ ၇ဝ နီးပါးမှ ပညာရှင်ပေါင်း ၁၃ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကူမင်တန်ပါတီကို စတင်တည်ထောင်ခဲ့သူ ဆွန်ယက်ဆင်အား ၁၈၆၆ ခုနှစ်တွင်မွေးဖွားခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံ၌ ပဒေသရာဇ်အုပ်ချုပ်ရေးကို တော်လှန်ရာတွင် ခေါင်းဆောင်မှု အခန်းကဏ္ဍ မှ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။အဆိုပါ နှီးနှောဖလှယ်ပွဲသို့တက်ရောက်လာကြသူများက ဆွန်ယက်ဆင်၏ နိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေးဆိုင်ရာ အယူအဆများကို ဆွေးနွေးခဲ့ကြသည်။ နှှီးနှောဖလှယ်ပွဲအတွက် စာတမ်းရာပေါင်းများစွာထဲမှ ၉ဝ ကိုရွေးခြယ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ခေတ်သစ်သမိုင်းသုတေသနတွင် ဆွန်ယက်ဆင်သည် အရေးပါသူတစ်ဦးဖြစ်သည်။ ဆွန်ယက်ဆင်နှင့်ပတ်သက်သော တွေ့ရှိချက်အသစ်များနှင့်ပါဝင်ပတ်သက်မှုအသစ်များကို မကြာသေးခင်နှစ်များက လေ့လာခဲ့ကြောင်း တရုတ်ပညာရှင် Xiong Yuezhi က ဆိုသည်။

ဆွန်ယက်ဆင်နှင့်ပတ်သက်ပြီး အသေးစိတ်လေ့လာဆန်းစစ်မှုများကို ပညာရှင်များက ဆက်လက်လုပ်ကိုင်သင့်ကြောင်း တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီဥက္ကဋ္ဌ Wang Weiguang ကဆိုသည်။

တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် မကြာသေးမီရက်ပိုင်းက ဆွန်ယက်ဆင်၏ နှစ် ၁၅ဝ ပြည့်မွေးနေ့ပွဲကို အစဉ်လိုက်ကျင်းပခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.