Connect with us

Social, Education & Health

အဆင့်မြင့် ပညာရေး ဒီဂရီ အသိအမှတ်ပြုခြင်းဆိုင်ရာ သဘောတူညီမှု တရုတ်နှင့် အီးယူ ၁၉ နိုင်ငံ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံတွင် ပညာသင်ကြားနေသည့် နိုင်ငံတကာ ကျောင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)အဆင့်မြင့် ပညာရေး ဒီဂရီများအား အပြန်အလှန် အသိအမှတ် ပြုခြင်းဆိုင်ရာ သဘောတူညီမှုအား ပြင်သစ်၊ ဂျာမနီ၊ အီတလီ အပါအဝင် အီးယူ ၁၉ နိုင်ငံနှင့် တရုတ်နိုင်ငံက လက်မှတ်ရေးထိုးလိုက်ကြောင်း တရုတ်နိုင်ငံ ပညာရေး ဝန်ကြီးဋ္ဌာနထံမှ သိရသည်။

ယင်းကြေညာချက်အား အောက်တိုဘာလ ၈ ရက်က ပြုလုပ်ခဲ့သည့် တရုတ်-အီးယူ ပညာရေး ဝန်ကြီးများ ညီလာခံနှင့် တရုတ်နှင့် ဥရောပ အရှေ့ပိုင်းနှင့် အလယ်ပိုင်း နိုင်ငံများ လေးကြိမ်မြောက် ပညာရေး မူဝါဒ ဆွေးနွေးပွဲ၌ တရုတ် ပညာရေး ဝန်ကြီးဋ္ဌာနက ကြေညာခဲ့ခြင်း ဖြစ်သည်။အဆိုပါ အစည်းအဝေး နှစ်ရပ်လုံးအား အောက်တိုဘာလ ၁၁ ရက် အထိ ဆက်လက် ကျင်းပမည် ဖြစ်ပြီး တရုတ်နှင့် အီးယူ၌ တက္ကသိုလ်များ အဆင့်မြင့် လေ့လာမှုများအကြား အောင်မြင်မှု လက်မှတ် အပြန်အလှန် အသိအမှတ်ပြုရေးအား ဦးတည်လုပ်ဆောင်ခြင်းနှင့် နှစ်ဘက် ကျောင်းသားများ အညီအမျှ လက်ခံရေး ဆွေးနွေးကြမည် ဖြစ်သည်။တရားဝင် စာရင်းအင်းများအရ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ အီးယူတွင် ပညာသင်ကြားခဲ့သည့် တရုတ် ကျောင်းသား ၃၀၃,၀၀၀ ဦး ရှိပြီး ပြည်ပတွင် ပညာသင်ကြားသည့် တရုတ်ကျောင်းသား အရေအတွက်၏ ၂၄ ရာခိုင်နှုန်း ရှိကြောင်း၊ ၂၀၁၄ ခုနှစ်ကထက် ၇.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။ထို့ပြင် ၂၀၁၅ ခုနှစ်၌ တရုတ်နိုင်ငံတွင် လာရောက် ပညာသင်ကြားခဲ့သည့် အီးယူ ကျောင်းသားပေါင်း ၄၅,၀၀၀ ဦး ရှိပြီး နိုင်ငံတကာ ကျောင်းသားအားလုံး၏ ၁၁.၃ ရာခိုင်နှုန်းရှိခဲ့သည်။မနှစ်က စာရင်းများအရ တရုတ်အစိုးရ၏ ပညာသင်ဆု ရရှိခဲ့သည့် အီးယူ ကျောင်းသား ၃၀၀၀ ဦးရှိခဲ့ပြီး ၂၀၁၄ ခုနှစ်ကထက် ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117