Social, Education & Health
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမျိုးသားဆုတံဆိပ်များနှင့် ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ရန်ရှိ

ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် ပြည်သူ့ခန်းမကြီးတွင် ကျင်းပမည့် အခမ်းအနား၌ အမျိုးသားဆုတံဆိပ်များနှင့် ဂုဏ်ထူးဆောင်ဆုများကို ဆုရရှိသူများထံ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီက မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ (Xinhua)