Connect with us

Social, Education & Health

တရုတ်နိုင်ငံ အမျိုးသားနေ့ အားလပ်ရက်အတွင်း ပေကျင်းမြို့တွင် သယ်ယူပို့ဆောင်ရေးအတွက် စေတနာ့ဝန်ထမ်း ၇၈,၀၀၀ ဦး တာဝန်ထမ်းဆောင်ရန်ရှိ

တရုတ်နိုင်ငံရှိ နန်းတော်ပြတိုက်သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် မကြာမီကျရောက်တော့မည့် အမျိုးသားနေ့ အားလပ်ရက်အတွင်း ယာဉ်အသွားအလာ အစီအစဉ်အား ထိန်းသိမ်းရန် စေတနာ့ဝန်ထမ်း ၇၈,၀၀၀ ကျော် စုဆောင်းထားခဲ့ကြောင်း ဒေသခံအာဏာပိုင်များက စက်တင်ဘာ ၂၇ ရက်တွင် ပြောခဲ့သည်။

အဆိုပါ စေတနာ့ဝန်ထမ်းများသည် စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၈ ရက်အထိ ပေကျင်းမြို့ရှိ ဘတ်စ်ကားဂိတ် ၁,၇၀၀ ခု၊ ဘူတာရုံ ၃၀၈ ခုနှင့် လူကူးမျဉ်းကျား ၂၆၆ ခု၌ လမ်းညွှန်မှုနှင့် ဘာသာစကား ၂ မျိုးဖြင့် ဝန်ဆောင်မှုများ ပေးမည်ဖြစ်ကြောင်း ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်၏ ပေကျင်းမြို့တော်ဆိုင်ရာ မြူနီစီပယ်ကော်မတီပြောကြားချက်အရ သိရသည်။

လက်ရှိတွင် အဆိုပါ စေတနာ့ဝန်ထမ်းများအားလုံးသည် ဝန်ဆောင်မှုဆိုင်ရာ ကျင့်ဝတ်နှင့် အရေးပေါ်တုန့်ပြန်ရေး အပါအဝင် လေ့ကျင့်မှုများ ပြီးဆုံးပြီးနောက် ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.