Connect with us

Social, Education & Health

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ပန်ဒါကြီးမျိုး သားပေါက်လေးကောင်အား အများပြည်သူကို ပြသ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြူနီစီပယ်ဒေသတွင် ပန်ဒါသားပေါက် အမြွှာနှစ်စုံအား စက်တင်ဘာလ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းတိရစ္ဆာန်ရုံတွင် စက်တင်ဘာလ ၃၀ ရက်က ပန်ဒါကြီးမျိုး သားပေါက်လေးကောင်အား ပထမဆုံးအကြိမ် အများပြည်သူကို ပြသခဲ့ကြောင်း သိရသည်။

ပန်ဒါအမြွှာ နှစ်စုံအား ဇွန်လ ၂၃ ရက်တွင် မွေးဖွားခဲ့ပြီး ကမ္ဘာပေါ်တွင် လှောင်အိမ်အတွင်း ပန်ဒါ မွေးမြူရေး သမိုင်းကြောင်းတွင် ရှားပါးသည့်ဖြစ်ရပ်တစ်ခု ဖြစ်သည်။

အဆိုပါ ပန်ဒါလေးများအား ဆွန်းဆွန်၊ ချုံချုံ နှင့် ရှီးရှီ၊ ချင်းချင် အမည်ပေးထားပြီး တရုတ်ဘာသာဖြင့် “ဝမ်းမြောက်မှုနှင့် ပျော်ရွှင်မှု ယှဉ်တွဲခြင်း” ဟူ၍ အဓိပ္ပါယ်ဖော် ပေါင်းစပ်ထားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြူနီစီပယ်ဒေသတွင် ပန်ဒါသားပေါက် အမြွှာနှစ်စုံအား စက်တင်ဘာလ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြူနီစီပယ်ဒေသတွင် ပန်ဒါသားပေါက် အမြွှာနှစ်စုံအား စက်တင်ဘာလ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြူနီစီပယ်ဒေသတွင် ပန်ဒါသားပေါက် အမြွှာနှစ်စုံအား စက်တင်ဘာလ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြူနီစီပယ်ဒေသတွင် ပန်ဒါသားပေါက် အမြွှာနှစ်စုံအား စက်တင်ဘာလ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြူနီစီပယ်ဒေသတွင် ပန်ဒါသားပေါက် အမြွှာနှစ်စုံအား စက်တင်ဘာလ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြူနီစီပယ်ဒေသတွင် ပန်ဒါသားပေါက် အမြွှာနှစ်စုံအား စက်တင်ဘာလ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပန်ဒါသားပေါက် လေးကောင်မှာ ကောင်းစွာကြီးပြင်းလျက်ရှိကြောင်း၊ ဆွန်းဆွန်က အလေးချိန် ၅ ဒသမ ၈ ကီလိုဂရမ်ရှိပြီး ရှီးရှီမှာ ၄ ကီလိုဂရမ်ရှိကာ ကိုယ်အလေးချိန် အလျော့ဆုံးဖြစ်ကြောင်း ချုံချင်းတိရစ္ဆာန်ရုံရှိ ပန်ဒါကြီးမျိုး နည်းပညာဆိုင်ရာ ကြီးကြပ်ရေးမှူး  ယင်ယန်ချွမ့်က ပြောခဲ့သည်။

ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် စက်တင်ဘာလ ၃၀ ရက်မှစတင်ကာ နေ့စဉ် နံနက် ၁၀း၃၀ နာရီမှ ၁၁း၃၀ နာရီအထိ ၊ မွန်းလွဲ ၁း၃၀ နာရီမှ ၂း၃၀ နာရီအထိ ပန်ဒါသားပေါက်ထိန်းဌာန ပြတင်းပေါက်အပြင်ဘက်မှ ကြည့်ရှုနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.