Connect with us

Social, Education & Health

သက်ကြီးရွယ်အိုများအတွက် သက်မွေးမှုပညာရပ် တရုတ် မိတ်ဆက်

တရုတ်နိုင်ငံရှိ သက်ကြီးစောင့်ရှောက်မှု ဂေဟာ တစ်ခုတွင် သက်ကြီးရွယ်အိုများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တစ်ဝန်းရှိ သက်ကြီးစောင့်ရှောက်မှု သင်တန်းကျောင်းများ၌ သက်မွေးမှုပညာရပ်များ မိတ်ဆက်ခဲ့ ကြောင်း ပညာရေး ဝန်ကြီးဋ္ဌာနက ဇူလိုင်လ ၁၅ ရက်က ပြောကြားခဲ့သည်။

ကနဦး အစီအစဉ်အတွက် ကျောင်း ၁၄၀ ကျော်အား ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဋ္ဌာန အနေဖြင့် သက်မွေးပညာသင်တန်းကျောင်းများအား တရုတ်နိုင်ငံ၏ သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ထောက်ပံံ့မှု ပေးနိုင်ရန် ဒေသန ္တရ အစိုးရများအား မေးမြန်းခဲ့ သည်။

တရုတ်နိုင်ငံ၌ ၂၀၁၅ ခုနှစ် နှစ်ကုန်တွင် အသက် ၆၀ နှစ် သို့မဟုတ် ၆၀ နှစ်အထက်ရှိပြီ ဖြစ်သော လူဦးရေ သည် ၂၂၂ သန်းရှိပြီး စုစုပေါင်း လူဦးရေ၏ ၁၆.၁ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။ (Xinhua)