Connect with us

Social, Education & Health

အကြောင်းအရာ မှန်ကန်စွာ မဖော်ပြဘဲ ထုတ်ပြန်ထားသည့် အွန်လိုင်း မီဒီယာအား ပိတ်ခံရ

လူမှုကွန်ရက်အား သရုပ်ဖော်ထားပုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အွန်လိုင်း မီဒီယာ အခြေပြု သတင်း တင်ပြချက်များတွင် ပါဝင်သည့် အကြောင်းအရာများအား မှန်ကန်ကြောင်း အတည်ပြုပြီးမှ အများပြည်သူထံသို့ တင်ပြသင့်ကြောင်း တရုတ်နိုင်ငံ အင်တာနက် ထိန်းသိမ်းရေး အဖွဲ့အ စည်းက ဇူလိုင်လ ၃ ရက် ပြောကြားလိုက်သည်။

သတင်း ဝက်ဘ်ဆိုဒ်များ အနေဖြင့် သတင်းရင်းမြစ်များအား အတည်ပြုသင့်ကြောင်း၊ လုပ်ကြံထားသည့် ဇာတ်လမ်းများ သို့မဟုတ် မမှန်ကန်သည့် အကြောင်းအရာများအား တားမြစ် ပိတ်ပင်သင့်ကြောင်း တရုတ်ဆိုက်ဘာ စပေ့ အုပ်ချုပ်ရေးအဖွဲ့ (CAC) က ထုတ်ပြန်သည့် သတိပေးစာ၌ ဖော်ပြထားသည်။
CAC သည် ယခုနှစ်အတွက် မမှန်ကန်သည့် ဇာတ်လမ်းများအား ဖော်ပြထားသည့် ဝက်ဘ်ဆိုဒ်ကြီး အချို့ဖြစ်သော sina.com, 163.com နှင့် တိုင်းပြည်အတွင်း အကြီးဆုံး အင်တာနက် ကုမ္ပဏီဖြစ်သော Tencent တို့အား အပြစ်ပေးခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ဇာတ်လမ်း တစ်ခုမှာ ချိုက်ကျင့် မဂ္ဂဇင်းမှ သတင်းထောက် တစ်ဦးသည် ဖေဖော်ဝါရီလက တရုတ်နိုင်ငံ အရှေ့မြောက်ရှိ ကျေးရွာ တစ်ခု၌ ရွာသားများသည် အသက်ကြီးသူများအား ရိုသေ လေးစားခြင်းမရှိဘဲ အမျိုးသမီးများကလည်း လူပေါင်းများစွာနှင့် လိင်ဆက်ဆံလျက် ရှိသည်ဆိုသော မမှန်ကန်သည့် အွန်လိုင်း အကြောင်းအရာအား အခြေခံ ရေးသားထားသည့် သတင်းအား ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.