Connect with us

Social, Education & Health

၂၀၁၆ခုနှစ်၏ ပထမဆုံး သဘာဝအတိုင်းမေထုံပြုနည်းဖြင့် ပန်ဒါဝက်ဝံပေါက်လေး တစ်ကောင်မွေးဖွား

ပန်ဒါဝက်ဝံငယ်လေးအား ခွဲစိတ်ခန်းပြင်ဖက်သို့ယူဆောင်လာစဉ်(ဆင်ဟွာ)

ချန်ဒူ ၊ ဇူလိုင်၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ပန်ဒါထိန်းသိမ်းစောင့်ရှောက်ရေး နှင့် သုတေသနစင်တာ ( CCRCGP) ၌ မွေးမြူထားသော အသက် ၇ နှစ်အရွယ် ဝက်ဝံမကြီးတစ်ကောင်သည် ယခုနှစ်အတွက် ပထမဆုံးပန်ဒါဝက်ဝံပေါက်လေး တစ်ကောင်ကို ဇူလိုင် ၁၇ ရက်တွင် အောင်မြင်စွာ မွေးဖွားပေးခဲ့ကြောင်း နှင့် ၎င်းမွေးကင်းစ ပန်ဒါလေးကို အထီး/အမ ခွဲခြား သိနိုင်ခြင်း မရှိသေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

၎င်းပန်ဒါလေးမှာ ဝက်ဝံမကြီး Shuqin ၏ ပထမဆုံး သားပေါက်လေးတစ်ကောင်ဖြစ်ကြောင်း ၊ ဝက်ဝံမကြီး၏ ကျန်းမာရေးအတွက် အနီးကပ်ပြုစုနေရကြောင်း နှင့် ဝက်ဝံပေါက်လေးကို မွေးဖွားပြီးပြီးချင်းမှာပင် ၎င်း၏ မိခင်နှင့်ဝေးရာကိုယူဆောင်၍ ပြုစုထားရကြောင်း သိရသည်။

အဆိုပါ ပန်ဒါငယ်လေး၏ ကျန်းမာရေးမှာ ၎င်းအော်ဟစ်ငိုကြွေးနေသည့် အခြေအနေပေါ်တွင်သာ မူတည် ဆုံးဖြတ်နေရကြောင်း သိရသည်။CCRCGP စင်တာ ဒုတိယညွှန်ကြားရေးမှူးLuo Bo က ပန်ဒါဝက်ဝံမကြီး Shuqin သည် Jinke နှင့် Xiangge ဟု အမည်ရသည့် ပန်ဒါဝက်ဝံထီး နှစ်ကောင်ဖြင့် မတ်လတွင် မေထုံပြုခဲ့ကြောင်းနှင့် ဇွန်လတွင် ကိုယ်ဝန်ရခဲ့ဟန် ရှိကြောင်း ပြောကြားသည်။

စင်တာတာဝန်ရှိသူများသည် Shuqin ပန်ဒါဝက်ဝံမကြီးကို ဇူလိုင် ၁၃ ရက်မှ စတင်ကာ အနီးကပ် စောင့်ကြပ်ကြည့်ရှု့ခဲ့ရကြောင်း သိရသည်။ ယခုမွေးဖွားလိုက်သော ပန်ဒါငယ်လေးသည် ယခုနှစ်အတွက် သဘာဝအတိုင်း မေထုံပြု၍ ပထမဆုံးမွေးဖွားလိုက်သည့် ပန်ဒါငယ်လေးတစ်ကောင်ဖြစ်သည်။

ပန်ဒါဝက်ဝံမကြီးအများစုသည် နို့ကောင်းစွာ တိုက်ကျွေးနိုင်ခြင်းမရှိပါ။ တရုတ်နိုင်ငံသည် မျိုးတုံးလုနီးပါးဖြစ်နေသည့် တိရစ္ဆာန်များအတွက် နို့ချို တိုက်ကျွေးခြင်း နည်းပညာကို တိုးတက်လုပ်ဆောင်လျက်ရှိသည်။ သို့သော် အဆိုပါ တိရစ္ဆာန် ၂၄ ရာခိုင်နှုန်းခန့်သာ ကောင်းစွာသားဖောက်နိုင်ခဲ့ပြီး အခြားမျိုးစိတ်များမှာ အသက်ရှင်ရန် အလွန်ခက်ခဲသည့် အနေအထားတစ်ရပ်ဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ပန်ဒါမျိုးစိတ် များသည် တစ်ကြိမ်သားကျလျင် ( နှစ်ကောင် ) အမွှာထိကျနိုင်ပြီး တစ်ခါတစ်ရံ သုံးကောင်အထိ သားကျနိုင်စွမ်းရှိကြောင်း သိရသည်။ယခုကာလသည် ပန်ဒါဝက်ဝံများအတွက် သားဖောက်ကာလဖြစ်ပြီး စင်တာ၌ မွေးမြူထားသည့် Xidou ၊ Cuicui နှင့် Meixi ပန်ဒါအမသုံးကောင်မှာ ကိုယ်ဝန်လွယ်ထားရသည့် လက္ခဏာတွေ့ရကြောင်း တာဝန်ရှိသူများက ပြောသည်။(Xinhua)