Connect with us

Social, Education & Health

အရှေ့ အလယ်ပိုင်းဒေသ အတွက် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီသစ် တရုတ် ပေးအပ် ရန်ရှိ

တရုတ် နိုင်ငံမှ နီပေါနိုင်ငံသို့ ထောက်ပံ့ပေးမည့် အကူအညီပစ္စည်းများ (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်း ဒေသတွင် ကြုံတွေ့နေရသော လူသားချင်း စာနာ ထောက်ထားမှု ပဋိပက္ခများ လျော့ပါး သက်သာစေရန် အကူအညီ အသစ်များ တရုတ်နိုင်ငံက ပေးအပ်ရန် ရှိကြောင်း တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ချာင်က အောက်တိုဘာလ ၁၃ ရက်တွင် ပြောခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဗြိတိန်နိုင်ငံ ခရီးစဉ်အကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ ဝန်က ပြောကြားလိုက်ခြင်း ဖြစ်ပြီး အဆိုပါဒေသ အတွင်း ဒုက္ခသည် အရေးအပေါ် တရုတ်နိုင်ငံ မှ အထူးအလေးထားကြောင်း ပြောခဲ့သည်။

အရှေ့ အလယ်ပိုင်း ဒေသတွင် လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများ စတင်ဖြစ်စဉ်က စ၍ တရုတ်နိုင်ငံက ယွမ် ၃၅၇ သန်း တန်ဖိုးရှိသော လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ထိုဒေသများ အတွင်း လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အခြေအနေများ စိုးရိမ်ဖွယ် ဖြစ်လာ၍ အနောက်အာရှနှင့် မြောက်အာဖရိက နိုင်ငံများသို့ ယခုနှစ် မကုန်မီ အကူအညီများ ထောက်ပံ့မှု တိုးမြှင့်သွားရန် တရုတ် နိုင်ငံက ကြေညာခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ အနေဖြင့် အကူအညီသစ်များကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။

ယင်း အထောက်အပံ့ များသည် ဒုက္ခသည် များဝင်ရောက်မှု အရေအတွက် လျှော့ချရေးနှင့် ဒုက္ခသည်များ အား နေရာချထားနိုင်မှုတို့တွင် အရှေ့အလယ်ပိုင်း နိုင်ငံများ၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် ဖြစ်သည်။

သမ္မတ ရှီ၏ ဗြိတိန် ခရီးစဉ်နှင့် ပတ်သက်၍ ဝမ်က ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရေးရာများကို နှစ်ဘက် အမြင်များ ဖလှယ်ကြရန် ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် နှစ်ပေါင်းများစွာ ကတည်းက ဆက်ဆံရေး ခိုင်မာနေခဲ့ကြောင်း၊ အီဘိုလာ ကပ်ရောဂါ၊ အီရန် နျူကလီးယား ပြဿနာနှင့် တောင်ဆူဒန် အရေးကိစ္စများတွင် အပြု သဘောဆောင်သော အခန်းကဏ္ဍများမှ ပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ရှုပ်ထွေးလှသော နိုင်ငံတကာ အခြေအနေများနှင့် ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများ မြင့်တက်လာ နေသော်လည်း တရုတ်နှင့် ဗြိတိန်နိုင်ငံ တို့သည် ကမ္ဘာ့ စီးပွားရေး တိုးတက်လာရေး၊ ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုများ ကိုင်တွယ် ဖြေရှင်းရန် နှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ပြုပြင် ပြောင်းလဲရေး စသည်တို့တွင် ပူးပေါင်း ဆောင်ရွက်သွားရန် ရှိကြောင်း ဝမ်ကပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.