Social, Education & Health
အာဖဂန်နှင့် မွန်ဂိုလီယားမှ နှလုံးရောဂါ ကလေးငယ်များအား တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး ရန်ပုံငွေများဖြင့် ကူညီ

ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံနှင့် မွန်ဂိုလီယားဒေသတွင် ၂၀၁၇ ခုနှစ်အတွင်း မွေးရာပါနှလုံးရောဂါခံစားနေရသော ကလေးငယ် ၇၄ ဦးအား အခမဲ့ဆေးကုသပေးခဲ့ကြောင်း တရုတ်နိုင်ငံ ကြက်ခြေနီဖောင်ဒေးရှင်း၏ နှစ်ပတ်လည် လုပ်ငန်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
အာဖဂန်နစ္စတန်နိုင်ငံမှ ကလေးငယ် ၂၁ ဦး အပါအဝင် လူနာများ၏ ခရီးစရိတ်နှင့် ဆေးကုစရိတ်များအတွက် ခေတ်သစ်ပိုးလမ်းမကြီး လူမှုရေးရန်ပုံငွေမှာ ကျခံခဲ့ခြင်း ဖြစ်ပြီး ယင်း ရန်ပုံငွေအား မြို့တော် ပေကျင်းတွင် ယခုနှစ် ဖေဖော်ဝါရီလတွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရန်ပုံငွေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ အစီအစဉ်များအား ထောက်ပံ့ပေးလျက်ရှိပြီး ပါကစ္စတန်၊ ဆီးရီးယားနှင့် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ အခြားနိုင်ငံများရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအား ထောက်ပံ့ရန် ပြည်သူ အုပ်စု ကိုးစုအား စေလွှတ်ထားကြောင်း သိရသည်။ (Xinhua)