Connect with us

Social, Education & Health

သုံးနှစ်အတွင်းကမ္ဘောဒီးယား ကလေးငယ် ၁၀၀ ကို တရုတ်နိုင်ငံကခွဲစိတ်ကုသပေးမည်

ကမ္ဘောဒီးယား ကလေးငယ်များကိုတွေ့ရစဉ်။

ဖနွမ်းပင်၊ဇန်နဝါရီလ ၁၂ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက “တရုတ်- ကမ္ဘောဒီးယား ချစ်ခြင်းမေတ္တာခရီးစဉ် “ ဟုအမည်ပေးထား

သောအစီအစဉ်အရနာတာရှည်နှလုံးရောဂါခံစားနေရသော ကမ္ဘောဒီးယားကလေးငယ် ၁၀၀ ကိုသုံးနှစ်

အတွင်း အခမဲ့ခွဲစိတ်ကုသမှုပြုပေးမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအစီအစဉ်ကို ကမ္ဘောဒီးယားသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသော တရုတ်နိုင်ငံဝန်ကြီးချုပ် လီ

ခဲ့ချန် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် တို့ကဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင်

ဇန်နဝါရီလ ၁၁ ရက်၌ သဘောတူစတင်ခဲ့ကြခြင်းဖြစ်သည်။ အစီအစဉ်အရတရုတ်ဆေးဘက်ဆိုင်ရာ

ပညာရှင်များကလည်းကမ္ဘောဒီးယားဆေးဘက်ဆိုင်ရာပညာရှင်များ ကို လက်တွေ့သင်ကြားပို့ချမှုများ

ပြုလုပ်သွားမည်ဖြစ်ကာ ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံသို့လည်း လေ့ကျင့်ရေးသွားရောက်ရန် အခွင့်အ

ရေးများ ရရှိမည်ဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံဝန်ကြီးချုပ်များက တရုတ်-ကမ္ဘောဒီးယားချစ်ကြည်ရေးအထိမ်းအမှတ် ပရီကိုဆာမက်

ဆေးရုံနှင့် တီဘောင်ခမန် ပြည်နယ်ဆေးရုံတို့ရှိ စီမံကိန်းများကိုလည်းစတင်ပေးခဲ့ကြသည်။ ပရီကိုဆာ

မက် ဆေးရုံ မှာသက်တမ်းနှစ် ၁၀၀ ကျော်ရှိပြီဖြစ်ကာ ဖနွမ်းပင်မြို့ရှိ သက်တမ်းအကြာဆုံးဆေးရုံများ

အနက်တစ်ခုဖြစ်သည်။ တရုတ်ကထိုဆေးရုံတွင် ကုတင် ၄၀၀ ဆန့်ပြီးအကျယ်အဝန်း ၂၉,၀၀၀ စတု

ရန်းမီတာ ရှိ ကျန်းမာရေးဆိုင်ရာအဆောက်အအုံကို တည်ဆောက်ပေးသွားမည်ဖြစ်သည်။

တီဘောင်ခမန် ပြည်နယ်ဆေးရုံ က ဖနွမ်းပင်မြို့အနီးအသစ်တည်ထောင်ခဲ့သော တီဘောင်ခမန် ပြည်

နယ် တွင်တည်ရှိသည်။ ကမ္ဘောဒီးယားအစိုးရ ကထိုပြည်နယ်၌ လူ ၈၀,၀၀၀ အခြေချနေထိုင်နိုင်ရန်စီ

စဉ်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.