Social, Education & Health
ဆင်ဟွာက အင်္ဂလိပ်ဘာသာဖြင့် သတင်း App တစ်ခု ထုတ်ပြန်

ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီ တစ်ခုဖြစ်သော ဆင်ဟွာ သတင်းအေဂျင်စီ (Xinhua News Agency) က အင်္ဂလိပ်ဘာသာ မိုဘိုင်း Portal တစ်ခုဖြစ်သော Xinhua News app တစ်ခုအား ဇန်နဝါရီလ ၂၃ ရက်က ထုတ်ပြန်လိုက်သည်။
အဆိုပါ App အား “တရုတ်နိုင်ငံအား ကမ္ဘာနှင့် ချိတ်ဆက်ခြင်း” ဟူသော ဘုံအမြင်ဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်ပြီး အသုံးပြုသူများအတွက် ၂၄ နာရီ သတင်းပေးပို့ခြင်း၊ တရုတ်နိုင်ငံ၏ အကြောင်းအရာများအား ပြောပြခြင်းနှင့် ကမ္ဘာ့ရေးရာများအား ကျယ်ကျယ်ပြန့်ပြန့် အချိန်နှင့်တစ်ပြေးညီ မျှတစွာ သတင်းတင်ပြခြင်းများဖြင့် ဝန်ဆောင်မှုပေးသွားမည် ဖြစ်သည်။
ယင်း App အား အိုင်အိုအက်စ် (iOS) နှင့် အန်းဒရွိုက် (Android) ဖုန်း နှစ်မျိုးလုံး၌ ဒေါင်းလုတ် (Download) ရယူနိုင်ကြောင်း သိရသည်။
ဆင်ဟွာသည် တရုတ်နိုင်ငံရှိ မီဒီယာအဖွဲ့အစည်းအားလုံးတွင် အကြီးဆုံးဖြစ်ပြီး သြဇာကြီးမားသော ကမ္ဘာ့ သတင်းအေဂျင်စီ တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံနှင့် တစ်ကမ္ဘာတစ်ဝန်း၌ ရုံးခွဲ ၂၃၀ ကျော်နှင့် သတင်းထောက် ၃၀၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)