Connect with us

Social, Education & Health

တရုတ်နိုင်ငံက အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်လေးစား

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလေးစား မြှင့်တင်သည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို All-China Women’s Federation က ကြီးမှူးကာ မတ်လ ၈ ရက်နေ့က ပေကျင်းတွင်ကျင်းပခဲ့သည်။ အခမ်းအနားတွင် တရုတ်နိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများအားလုံး တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုကို လိုက်နာရန်၊ အမျိုးသမီးများအား တန်းတူအခွင့်အရေးပေးကာ ဖွံ့ဖြိုးစည်ပင်သည့် လူ့အသိုင်းအဝိုင်းကိုဝိုင်းဝန်းတည်ဆောက်ကြရန်နှင့် ဆိုရှယ်လစ်ဝါဒ၏ ကျင့်ဝတ်များကျင့်သုံးနိုင်ရန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင် ဝမ်ဟူနင်း (Wan Huning) က အဆိုပါ အခမ်းအနားကို တက်ရောက်ခဲ့ပြီးထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုဆုတံဆိပ်များကိုချီးမြှင့်ပေးခဲ့သည်။ ကျားမ တန်းတူဆက်ဆံရေးသည် လူသားများအားလုံး၏ အခြေခံကျသော အခွင့်အရေးတစ်ခုဖြစ်ပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များနှင့်အတူ ငြိမ်းချမ်းသာယာစည်ပင်ဝပြောသော ကမ္ဘာကြီး ဖန်တီးခြင်းထက် ပိုမိုကောင်းမွန်သော နည်းလမ်းသည်မရှိဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကလည်း ယခုနှစ်ကျရောက်သော အမျိုးသမီးများနေ့အထိမ်းအမှတ် မိန့်ခွန်းတွင်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.