Social, Education & Health
တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် ခြောက်ရက်အတွင်း COVID-19 ရောဂါဖြစ်ပွားသူ အသစ်တစ်ဦးသာရှိ

ဝူဟန့်၊ မတ် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ငါးရက်ဆက်တိုက် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ရောဂါ အသစ်ဖြစ်ပွားသူမရှိခဲ့ဘဲ မတ် ၂၃ ရက်၌ ရောဂါပိုးရှိကြောင်း အတည်ပြုလူနာအသစ်တစ်ဦးသာ ရှိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်အတွင်း မတ် ၂၃ ရက်က COVID-19 အသစ်ဖြစ်ပွားသူတစ်ဦးတည်းသာ ရှိခဲ့ခြင်းဖြစ်ကြောင်း ဟူပေပြည်နယ် ကျန်းမာရေးကော်မရှင်က မတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။ဟူပေပြည်နယ်တွင် မတ် ၂၃ ရက်က COVID-19 ရောဂါမှ ပြန်လည်သက်သာ၍ ဆေးရုံမှဆင်းခွင့်ရသူ ၄၄၄ ဦးရှိကြောင်း ကော်မရှင်၏ဖော်ပြချက်အရ သိရသည်။ (Xinhua)