Connect with us

Social, Education & Health

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ နယ်မြေများအားလုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ လယ်ယာစိုက်ခင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဟဲဖေး၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ နောက်ဆုံးကျန်ရှိနေသည့် ဆင်းရဲနွမ်းပါးမှုမြင့်မားသည့် နယ်မြေအဆင့်ဒေသ ၉ ခုသည် နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုနယ်မြေများ စာရင်းမှ ဖယ်ရှားလိုက်ကြောင်း ပြည်နယ်အစိုးရက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ဆင်းရဲနွမ်းပါးမှုကင်းစင်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကြားမှ အန်ဟွေးပြည်နယ်ရှိ ဆင်းရဲနွမ်းပါးသည့် နယ်မြေအဆင့် ဒေသ ၃၁ ခုလုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ လယ်ယာစိုက်ခင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

အန်းဟွေးပြည်နယ်တွင် ၂၀၁၉ ခုနှစ်အထိ လူဦးရေ ၆၃.၆၅ သန်း နေထိုင်ကြောင်း တရားဝင်အချက်အလက်အရ သိရသည်။ ယင်းပြည်နယ်ရှိ ဆင်းရဲသောလူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၄.၈၄ သန်း ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်၌ ၈၇,၀၀၀ ဦးအထိ လျော့ကျသွားခဲ့ကြောင်း၊ ဆင်းရဲနွမ်းပါးမှု လူဦးရေအချိုးကလည်း အဆိုပါ ကာလအတွင်း ၉.၁ ရာခိုင်နှုန်းမှ ၀.၁၆ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးရုံးအရ သိရသည်။၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ တရုတ်နိုင်ငံရှိ လူဦးရေ ၅.၅၁ သန်းသည် ဆင်းရဲနွမ်းပါးမှု အခြေအနေတွင် နေထိုင်လျက်ရှိသည်ဟု ဆိုသည်။

“လူတွေအားလုံး ဆင်းရဲနွမ်းပါးမှုကနေ တားဆီးရေး လုပ်ဆောင်ဖို့နဲ့ ကျန်ရှိနေတဲ့ ဆင်းရဲတဲ့လူဦးရေတွေကိုလည်း လွတ်မြောက်အောင်လုပ်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု အန်းဟွေးပြည်နယ် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးရုံး ညွှန်ကြားရေးမှူး ကျန်းဟုန်က ပြောကြားခဲ့သည်။  (Xinhua)