Social, Education & Health
ဟောင်ကောင်တွင် COVID-19 စောင့်ကြည့်မှုအတွက် နှာခေါင်း၊အာခေါင်တို့ဖတ် စုဆောင်းရာနေရာ ၁၄၁ ခု ထားရှိမည်
ဟောင်ကောင်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် COVID-19 စောင့်ကြည့်မှုအတွက် နှာခေါင်း၊အာခေါင်တို့ဖတ် စုဆောင်းရာနေရာ ၁၄၁ ခုကို ထားရှိသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁ ရက်မှစတင်မည့် လူအများအပြား ရောဂါစမ်းသပ်ရေးအစီအစဉ်အတွက် အသုံးပြုသွားမည်ဟု HKSAR အစိုးရက ဩဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဟောင်ကောင်တစ်ဝန်း၌ ထားရှိမည့် အဆိုပါစင်တာများကို နံနက် ၈:၀၀ နာရီမှ ည ၈:၀၀ နာရီအထိ ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း၊ နမူနာများကို စစ်ဆေးရန် ဓာတ်ခွဲခန်းများသို့ တိုက်ရိုက်ပို့ဆောင်သွားမည်ဖြစ်ကာ ရောဂါစစ်ဆေးမှုအတွက် စေတနာအလျောက် ပါဝင်သူများ၏ အတွင်းရေးကို ကာကွယ်ပေးထားမည် ဖြစ်ကြောင်း HKSAR အစိုးရ၏ ပြည်သူ့ဝန်ဆောင်မှုဌာန အတွင်းရေးမှူး Patrick Nip က ပြောကြားခဲ့သည်။
ထို့ပြင် ရောဂါဖြစ်ပွားနိုင်ခြေအများဆုံးအုပ်စုဝင်များ၏ နမူနာ ၄၂၀,၀၀၀ ခု ကို စစ်ဆေးခဲ့ပြီး ၈၃ ခုတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း HKSAR အစိုးရ စားနပ်ရိက္ခာနှင့် ကျန်းမာရေးဌာန အတွင်းရေးမှူး Sophia Chan က ပြောခဲ့သည်။
ဒေသခံများအနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကွင်းဆက်ကို ရှာဖွေဖြတ်တောက်ရန်အတွက် ရောဂါရှာဖွေစစ်ဆေးရေး အစီအစဉ်တွင် တက်ကြွစွာ ပါဝင်ရန်နှင့် လက္ခဏာမပြသော COVID-19 အသံတိတ်သယ်ဆောင်သူများကို ဆောလျင်စွာ ရှာဖွေဖော်ထုတ်ရေး၌ ကူညီကြရန် Nip က တိုက်တွန်းခဲ့သည်။ (Xinhua)