Connect with us

Social, Education & Health

တရုတ်နိုင်ငံက ယခုနှစ်တွင် COVID-19 ကာကွယ်ဆေး ၃ ဘီလီယံကျော် ထုတ်လုပ်မည်ဟု တာဝန်ရှိသူပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တရုတ်ဇီဝဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွင် Sinovac Biotech ကိုဗစ်ကာကွယ်ဆေးများ ထုတ်ပိုးနေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

ဘိုးအောက်၊ဧပြီ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ယခုနှစ်တွင် COVID-19 ကာကွယ်ဆေး ၃ ဘီလီယံကျော် ထုတ်လုပ်သွားရန် မျှော်လင့်ထားကြောင်း တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ လက်ရှိ ကာကွယ်ဆေးထုတ်လုပ်နိုင်မှု ပမာဏသည် တစ်နှစ်လျှင် ၅ ဘီလီယံခန့် ရှိကြောင်း COVID-19 တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတော်ကောင်စီ ပူးတွဲ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးယန္တရား လက်အောက်ရှိ ကာကွယ်ဆေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့အကြီးအကဲ Zheng Zhongwei က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (Boao Forum for Asia) နှစ်ပတ်လည်ကွန်ဖရင့်၏ ဆက်စပ်ဖိုရမ်တစ်ခုတွင် အမှာစကားပြောကြားစဉ် Zheng က ကပ်ရောဂါစတင်ပြန့်နှံ့လာချိန်တွင် တရုတ်နိုင်ငံသည် COVID-19 ကာကွယ်ဆေးတစ်ခုအတွက် သုတေသနပြုမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကို ချက်ချင်းအလေးထားဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝှမ်းရှိ သုတေသနဌာနပေါင်း ၁၀ ခုမှ ကာကွယ်ဆေး ၁၂ မျိုးကို သုတေသနလုပ်ငန်းဆောင်ရွက်ရန် ရွေးချယ်ခဲ့ကြောင်း Zheng က ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် – နှစ်လယ်နှောင်းပိုင်းမှစတင်ကာ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးတင်ပို့မှုကို ပိုမို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)
——————————————-
(English Version)

China to produce more than 3 bln COVID-19 vaccines this year: official

BOAO, Hainan, April 20 (Xinhua) — China is expected to produce more than 3 billion COVID-19 vaccine doses this year, an official said Tuesday.
The country’s current production capacity is around 5 billion vaccine doses annually, said Zheng Zhongwei, head of the working group for vaccine development under the State Council joint prevention and control mechanism against COVID-19.

Speaking at a sub-forum of the Boao Forum for Asia annual conference, Zheng said that, when the outbreak happened, China immediately focused on research and development for a COVID-19 vaccine.

The country chose to conduct research work on 12 types of vaccines from 10 research units across the country, Zheng said.
China will supply more vaccines globally in the latter half of 2021, he added.

Photo taken on Dec. 23, 2020 shows the packing line for inactivated COVID-19 vaccine of Sinovac Biotech, a Chinese biopharmaceutical company, in Beijing, capital of China. (Xinhua/Zhang Yuwei)