Connect with us

Social, Education & Health

တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ခရီးစဉ်‌နေရာများ ပို၍သွားလာနိုင်ကြောင်း စစ်တမ်းတွင်ဖော်ပြ

ရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် Sanya မြို့ရှိ Sanya Phoenix အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်တစ်စင်း ပျံတက်နေစဉ် (ဆင်ဟွာ)

လန်ဒန် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် အရှိန်အဟုန်မြင့်လာသည့်နှင့်အမျှ တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် ခရီးစဉ်နေရာများ ပို၍သွားလာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ အကြံပေးကုမ္ပဏီ ဖြစ်သည့် Henley & Partners က မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းအရ သိရသည်။

၂၀၀၆ ခုနှစ်မှ စ၍ ကမ္ဘာပေါ်တွင် ခရီးသွားလာမှုအဆင်ပြေဆုံး နိုင်ငံကူးလက်မှတ်များအား ပုံမှန်စောင့်ကြည့်လေ့ရှိသော Henley နိုင်ငံကူးလက်မှတ် အညွှန်းကိန်းတွင် ယခုနှစ် ဒုတိယသုံးလပတ်အတွက် နောက်ဆုံး အဆင့်သတ်မှတ်ချက်များ နှင့် စိစစ်တွေ့ရှိချက် အစီရင်ခံစာအား ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းအရ တရုတ်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် လွတ်လပ်စွာခရီးသွားလာမှု အဆင့် ၉၀ တွင်ရှိခဲ့ရာမှ အဆင့် ၆၈ သို့ ရောက်ရှိလာကာ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဆင့်အများဆုံး မြင့်တက်လာသောနိုင်ငံ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာအနှံ့ရှိ နိုင်ငံများ ၊ ဒေသများနှင့်အတူ သံတမန်ဆက်ဆံရေး ခိုင်မာစေရေးအတွက် တရုတ်နိုင်ငံ၏ ဆောင်ရွက်နေသော ကြိုးပမ်းမှုများကြောင့် တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် ဗီဇာကင်းလွတ်ခွင့် သို့မဟုတ် ဆိုက်ရောက်ဗီဇာဖြင့် ခရီးစဉ်နေရာများ ပိုမိုသွားလာနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)
——————————————–
(English Version)
Chinese passport holders may travel to more destinations: survey
LONDON, April 17 (Xinhua) — As vaccination program rollout gained momentum in China, Chinese passport holders are able to travel to more destinations, according to a recent survey by international advisory firm Henley & Partners.
The Henley Passport Index, which regularly monitors the world’s most travel-friendly passports since 2006, released its latest rankings and analysis report for the second quarter of this year.
According to the survey, China ranks the 68th place in terms of travel freedom from the 90th place in 2011, the biggest climber in the past decade for the first time.
Chinese passport holders are able to travel to more destinations with visa-free or visa-on-arrival, thanks to China’s ongoing efforts to strengthening its diplomatic ties with countries and regions across the globe, the report said. ■
PHOTO – A plane takes off at the Sanya Phoenix International Airport in Sanya, south China’s Hainan Province, Jan. 28, 2021. (Xinhua/Pu Xiaoxu)

http://www.xinhuanet.com/english/2021-04/17/c_139887064.htm

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.