Connect with us

Social, Education & Health

တိဘက်အမွေအနှစ်နေရာ Norbulingka ကို အသစ်ပြုပြင်ခြင်းများဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံအနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ Norbulingka ကို ၂၀၁၉ ခုနှစ် မေ ၂၀ ရက်တွင် ဖုန်းဖြင့် မှတ်တမ်းတင်ရိုက်ကူးထားမှုအားတွေ့ရစဉ် (ဆင်ဟွာ)

လာဆာ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သော Norbulingka ကို ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အကျယ်ဝန်း ၈၅၅ စတုရန်းမီတာကျော် ရှိသော ရွှေခေါင်မိုးများအား ရွှေချရန်၊ စတုရန်းမီတာ ၁၀,၀၀၀ကျော် ရှိသော တိဘက်ရိုးရာရေစိုခံအမိုးများအားပြုပြင်ခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာရှေးဟောင်းပစ္စည်းများအားပြုပြင်ရန် နိုင်ငံတော်မှ ယွမ် ၃၈.၆၈ယွမ် (အမေရိကန်ဒေါ်လာ ၅.၉သန်း) လျာထားကြောင်း သိရသည်။

“နှစ်ပေါင်းများစွာကြာတဲ့အခါ ရာသီဥတုတိုက်စားမှုတွေကြောင့် ရှေးဟောင်းအဆောက်အဦတွေရဲ့ရွှေခေါင်မိုးတွေနဲ့ အထောက်အပံ့ပစ္စည်းတွေဟာ သံချေးတက်ပြီး အမဲရောင်ပြောင်းသွားတယ်။ ရေယိုစိမ့်မှုတွေလည်းရှိတယ်’’ ဟု Penpa Droma နှင့်Norbulingka ၏ စီမံခန့်ခွဲမှုရုံးက ပြောသည်။ ပြန်လည်ပြုပြင်ခြင်းစီမံကိန်းအား ၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့ကြောင်း၊ နောက်နှစ်များတွင် သုတေသနလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးနောက် ပြင်ဆင်မှုလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ် နှောင်းပိုင်း တွင် စတင်ဆောင်ရွက်ခဲ့သည်။၁၈ ရာစုအလယ်ပိုင်းခေတ်တွင် တည်ဆောက်ခဲ့သော Norbulingka သည် Potala နန်းတော်၏ သမိုင်းဝင် အစိတ်အပိုင်းတစ်ခုအဖြစ် ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းထည့်သွင်းခံခဲ့ရကြောင်း သိရသည်။ (Xinhua)
——————————————-
(English Version)
Tibet’s heritage site Norbulingka undergoes new restoration
LHASA, April 21 (Xinhua) — The Norbulingka, a world heritage site in southwest China’s Tibet Autonomous Region, is undergoing restoration.
The country has earmarked 38.68 million yuan (about 5.9 million U.S. dollars) to gild more than 855 square meters of golden roofs, renovate over 10,000 square meters of traditional Tibetan waterproof roofs, and repair affiliated cultural relics.
“After years of weathering erosion, the golden roofs of the ancient buildings and their supporting facilities have oxidized and turned black. Water also began seeping in,” said Penpa Droma with Norbulingka’s management office. “The restoration project was approved in 2017 following years of research and the preparatory work was launched in late 2020.”
Built in the mid-18th century, the Norbulingka was added to the UNESCO World Heritage List in 2001 as part of the historic ensemble of the Potala Palace. Enditem