Social, Education & Health
ဆီးနှင်းတောင်ခြေအောက်တွင် နွေးထွေးသော “ကူထူး” ည ကျင်းပရာဝယ်
အားလီ (ရှီးဇန့်)၊ ဒီဇင်ဘာ ၂၁11 ရက် (ဆင်ဟွာ)
ယခုနှစ် ဒီဇင်ဘာ ၁၈ ရက်သည် ရှီးဇန့်ပြက္ခဒိန်အရ ၁၀ လပိုင်း ၂၉ ရက်ဖြစ်သည်။ တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားလီဒေသ ဖူလန်ခရိုင်တွင် ဖူလန်နှစ်သစ်ကူးဖြစ်သည့် “ကူထူး” ည ကျရောက်လာခဲ့သည်။
“ကူထူး” သည် ဇန့်ဘာသာစကားဖြစ်ပြီး ဇန့်ဘာသာစကားအရ “ကူ” သည် “ကိုး” ဟု အဓိပ္ပာယ်ရပြီး “ထူး” သည် “ဂျုံ” ဟု အဓိပ္ပာယ်ရသည်။ “ကူထူး” သည် ရှီးဇန့်ဒေသအများအပြား၌ စာမရီနွားအသား ဟင်းရည်ဖြင့် ချက်ပြုတ်ထားသော ဂျုံမုန့်ဖတ်ပြုတ်ဖြစ်ပြီး ဂျင်ဆင်းသီး၊ မုန်လာဥဖြူ၊ နို့ခဲ စသည်တို့နှင့် တွဲဖက်ထားသည်။ ဖူလန်ခရိုင်တွင်မူ “ကူထူး” သည် စားသောက်ဖွယ် ၉ မျိုး ထည့်သွင်းချက်ပြုတ်ထားသည့် ဆန်ပြုတ်ဖြစ်သည်။ ထိုနေ့ညတွင် မိသားစုတိုင်းဆုံစည်းကြပြီး “ကူထူး” ကို အတူတကွစားသုံးကြသည်။

ဖူလန်ခရိုင် ခဲကျားရွာတွင် ကျားယန်းကျော်မာ မိသားစုက အိမ်ထဲတွင် အလုပ်များလျက်ရှိသည်။ “ကူထူး” တစ်အိုး မီးဖိုပေါ်တွင် ပွက်ပွက်ဆူနေကာ အိမ်ထဲထွင် “ချဲမာ” (အထွက်နှုန်းပေါကြွယ်ဝမှုအား ကိုယ်စားပြုသည့် ပြည်တင်း) အား စီစဉ်ထားပြီး နှစ်သစ်ကူးသုံးပစ္စည်းအမျိုးစုံလင်စွာရှိနေသည်။ ယခုနှစ်တွင် ကျားယန်းကျော်မာတို့အိမ်တွင် ကုန်းမြင့်မုယောစပါးနှင့် ပဲလုံးအထွက်နှုန်းကောင်းခဲ့သည်။ “အခုဆို နေထိုင်ရတာလည်း ပိုအဆင်ပြေလာတော့ နှစ်သစ်ကူးလည်း ပိုပြီးစည်ကားလာတယ်” ဟု ကျားယန်းကျော်မာက ရယ်မောလျက် ပြောကြားခဲ့သည်။ညအချိန်ကျရောက်လာချိန်တွင် ဆီးနှင်းတောင်ခြေရှိ ခဲကျားရွာ၏ နှစ်သစ်ကူးအငွေ့အသက်များက ပူပူနွေးနွေး “ကူထူး” ၏ အငွေ့များကြားတွင် တဖြည်းဖြည်း ကြိုင်လှိုင်လာလျက်ရှိပေသည်။ (Xinhua)
——————————-
(Chinese Version)
雪山下的温暖“古突”夜
新华社照片,阿里(西藏),2025年12月19日
12月18日是藏历十月二十九日,西藏阿里地区普兰县迎来了普兰新年“古突”夜。“古突”是藏语,在藏语中,“古”意为“九”,“突”意为“面”,“古突”在西藏大部分地方是一种用牦牛肉汤熬煮的面疙瘩,配上人参果、白萝卜、奶渣等。而在普兰县,“古突”则是加入了九种食材的米粥。当晚,家家户户迎来团聚,一起享用“古突”。
在普兰县科迦村,加央卓玛一家人在家里忙活着。一锅“古突”在火炉上冒着热气,家里已经摆上了“切玛”(五谷丰登斗),各式年货琳琅满目。今年,加央卓玛家里的青稞和豌豆喜获丰收。“现在的生活越来越好,新年也越过越热闹了。”加央卓玛笑着说。
夜幕降临,雪山下,科迦村的年味儿在“古突”的热气中缓缓升起。
1、这是12月18日拍摄的阿里地区普兰县科迦村(无人机照片)。 新华社记者 丁增尼达 摄
2、在阿里地区普兰县科迦村,加央卓玛(右一)一家人在吃“古突”(12月18日摄)。新华社记者 丁增尼达 摄
3、在阿里地区普兰县科迦村,村民们齐聚一堂庆祝“古突”夜(12月18日摄)。新华社记者 丁增尼达 摄
