Connect with us

Sport

တရုတ် နိုင်ငံမှ ကမ္ဘာ အား ဆန်းသစ် ၊ ကောင်းမွန် ၊ သာလွန် သည့် ဆောင်ရာသီ အိုလံပစ် ပွဲကြီး ကို ၂၀၂၂ ခုနှစ်တွင် ကျင်းပ သွားရန် ကတိပြု

၂၀၂၂ ခုနှစ် ပေကျင်းမြို့ ဆောင်းရာသီ အိုလံပစ် ပွဲတော်ကျင်းပခွင့် ရရှိရေး ကော်မတီ ဥက္ကဌ ၊ နိုင်ငံတော် ကောင်စီ ဒုတိယ ဝန်ကြီးချုပ် လျိုရန်တုန်းအား သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ ၏ ၁၂၈ ကြိမ်မြောက် စုံညီ အစည်းအဝေး ကို မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် ဇူလိုင် လ ၃၁ ရက်နေ့က ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် ပွဲကြီး ကျင်းပ ခွင့်ရသည့် မြို့အဖြစ် တရုတ် နိုင်ငံ ပေကျင်း မြို့အား ပေးအပ် ခဲ့ကြောင်း တရားဝင် ကြေညာ လိုက်သည်။ ထို့နောက် ၂၀၂၂ ခုနှစ် ပေကျင်းမြို့ ဆောင်းရာသီ အိုလံပစ် ပွဲတော်ကျင်းပခွင့် ရရှိရေး ကော်မတီ ဥက္ကဌ ၊ နိုင်ငံတော် ကောင်စီ ဒုတိယ ဝန်ကြီး ချုပ် လျိုရန်တုန်း (Liu Yandong) မှ အင်တာဗျူး လက်ခံပြောကြားခဲ့သည်။

လျိုရန်တုန်း မှ ဆောင်းရာသီ အိုလံပစ် ပွဲတော် ကျင်းပခွင့် ရရှိကြောင်း သိရှိရချိန် တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှ ကျွန်တော် တို့ အဖွဲ့အား ပထမ ဦးဆုံး ဂုဏ်ပြု အမှာစကား ပေးပို့ခဲ့ကြောင်း ၊ တရုတ် နိုင်ငံအနေဖြင့် အားကစား ကဏ္ဍနှင့် အိုလံပစ် အားကစား အပေါ် အထူး အလေးထား သည်ကို ပေါ်လွင် စေခဲ့ကြောင်း နှင့် ကျွန်တော် တို့ အဖွဲ့ အတွက်လည်း ကြီးမားသော အားအင် နှင့် ဝမ်မြောက် ဂုဏ်ယူ စရာ ဖြစ်စေ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

၂၀၂၂ ခုနှစ် ပေကျင်းမြို့ ဆောင်းရာသီ အိုလံပစ် ပွဲတော် ကျင်းပခွင့် ရရှိခဲ့ပြီးနောက် ဝမ်းမြောက် ဂုဏ်ပြုပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

လျိုရန်တုန်း မှ ယခု အချိန်အခါ သည် အင်မတန် စိတ်လှုပ်ရှားဖွယ် ကောင်း သည့် ဝမ်မြောက် ဂုဏ်ယူ ဖွယ် အချိန် ကာလ တစ်ခု ဖြစ်ကြောင်း ၊ ပါတီ ဗဟို နှင့် နိုင်ငံတော် ကောင်စီ ၏ ခေါင်းဆောင်မှု နှင့် တရုတ် နိုင်ငံ ပြည်သူ လူထု များ၏ ထောက်ခံအားပေး ခြင်းကြောင့် ကျွန်တော် တို့ မှ ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် ပွဲကြီး နှင့် ဆောင်းရာသီ မသန်စွမ်း အိုလံပစ် အားကစား ပွဲကြီး ကို ကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ တစ်မျိုးသားလုံး အတွက် ဝမ်းမြောက် ဂုဏ်ယူ ဖွယ်ကိစ္စရပ် ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ အိုလံပစ် ကော်မတီ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း မှ တရုတ် နိုင်ငံ အား ထောက်ခံ ခဲ့ခြင်း အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လျိုရန်တုန်း မှ ဤသည် မှာ သမိုင်းဝင် အချိန်အခါ တစ်ခု ဖြစ်ခဲ့ကြောင်း ၊ ပေကျင်း မြို့သည် ကမ္ဘာပေါ် တွင် ပထမ ဦးဆုံး နွေရာသီ နှင့် ဆောင်းရာသီ အိုလံပစ် ပွဲကြီး နှစ်ရပ် လုံး ကျင်းပ နိုင်ခဲ့သည့် မြို့ ဖြစ်လာခဲ့ကြောင်း ၊ ကျွန်တော် တို့အနေဖြင့် ပါတီ ဗဟို နှင့် နိုင်ငံတော် ကောင်စီ ၏ ဦးဆောင်မှု ဖြင့် ကမ္ဘာအား ဆန်းသစ် ၊ ကောင်းမွန် ၊ သာလွန် သည့် ဆောင်ရာသီ အိုလံပစ် ပွဲကြီး ကို ၂၀၂၂ ခုနှစ်တွင် မလွဲဧကန် ကျင်းပ သွားရန် ကတိ ပြုကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.