Connect with us

Sport

၂၀၁၉ ခုနှစ် အပြည်ပြည် ဆိုင်ရာ အမျိုးသား ဘတ်စကက်ဘော ကမ္ဘာ့ဖလားကို တရုတ် နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိ

အပြည်ပြည် ဆိုင်ရာ အမျိုးသား ဘတ်စကက်ဘော အဖွဲ့ချုပ် ဥက္ကဌ မိုလာတယ်ရီ မှ ၂၀၁၉ ခုနှစ် အမျိုးသား ဘတ်စကက်ဘော ကမ္ဘာ့ ဖလားကို တရုတ် နိုင်ငံမှ အိမ်ရှင် အဖြစ် ကျင်းပခွင့် ရရှိခဲ့ကြောင်း ကြေညာနေစဉ် (ဆင်ဟွာ)

တိုကျို ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

အပြည်ပြည် ဆိုင်ရာ အမျိုးသား ဘတ်စကက်ဘော အဖွဲ့ချုပ် ဥက္ကဌ မိုလာတယ်ရီမှ သြဂုတ်လ ၇ ရက်နေ့တွင် ဂျပန် နိုင်ငံ တိုကျိုမြို့တွင် ကျင်းပ သည့် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ မှ ၂၀၁၉ ခုနှစ် အပြည်ပြည် ဆိုင်ရာ အမျိုးသား ဘတ်စကက်ဘော ကမ္ဘာ့ ဖလားကို အိမ်ရှင် အဖြစ် ကျင်းပခွင့် ရရှိခဲ့ကြောင်းကို တရားဝင် ကြေညာ ခဲ့သည်။

အိမ်ရှင် အဖြစ် ကျင်းပခွင့်အား မဲခွဲ ဆုံးဖြတ်မှု ပြုလုပ်ခဲ့ပြီးနောက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပေကျင်းမြို့ ဒုတိယ မြို့တော်ဝန် ကျန်းကျင့်တုံး မှ တရုတ် နိုင်ငံ ကျင်းပခွင့် ရရှိရေး ကော်မတီ ကိုယ်စား မိန့်ခွန်း ပြောကြားခဲ့သည်။ ၎င်းမှ အပြည်ပြည် ဆိုင်ရာ အမျိုးသား ဘတ်စကက်ဘော အဖွဲ့ချုပ်မှ တရုတ် နိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်နှင့် ကျင်းပခွင့် လျှောက်ထားခဲ့သည့် မြို့များ အပေါ် ထောက်ခံ အားပေး ခဲ့သည့် အတွက် ကျေးဇူး တင်ကြောင်းကို ဦးစွာ ပြောကြား ခဲ့သည်။ ထို့နောက် ကျင်းပခွင့် လျှောက်ထားခဲ့သည့် မြို့မှ ပြည်သူလူထု များနှင့် အခြားကဏ္ဍ အသီးသီးမှ လူထု များကို လည်း ထောက်ခံ အားပေးခဲ့သည့် အတွက် ကျေးဇူး တင်ကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် ကျင်းပခွင့် ရရှိရန် အတူတကွ ယှဉ်ပြိုင်ခဲ့သည့် ဖိလစ်ပိုင် နိုင်ငံ ကိုလည်း လေးစားကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံမှ ယခု အကြိမ် ကျင်းပခွင့် ရရှိရေး ဆောင်ပုဒ် မှာ “ ပိုမိုပါဝင်ကြ၍ ၊ အနာဂတ်တွင် အတူတကွ အောင်မြင်ခြင်း” ဖြစ်သည်။ တရုတ် နိုင်ငံ ပေကျင်း မြို့နှင့် နန်ကျင်း ၊ ဆူးကျုံး ၊ ဝူဟန့် ၊ ကွမ်ကျုံး ၊ စိမ်းကျိမ့် ၊ ဖော်ဆန်း နှင့် တုံးဝမ် စသည့် မြို့ ၇ မြို့မှ ၂၀၁၉ ခုနှစ် အပြည်ပြည် ဆိုင်ရာ အမျိုးသား ဘတ်စကက်ဘော ကမ္ဘာ့ ဖလားကို ပူးပေါင်း ကျင်းပမည် ဖြစ်သည်။

အပြည်ပြည် ဆိုင်ရာ အမျိုးသား ဘတ်စကက်ဘော အဖွဲ့ချုပ် မှ ၂၀၁၄ ခုနှစ် ဇွန်လ ပိုင်းတွင် ၂၀၁၉ ခုနှစ် အပြည်ပြည် ဆိုင်ရာ အမျိုးသား ဘတ်စကက်ဘော ကမ္ဘာ့ ဖလား ကျင်းပခွင့် လျှောက်ထားမှုအား စတင် လက်ခံ ခဲ့သည်။ ထို့နောက် ယခုနှစ် မတ်လ ပိုင်းတွင် အပြည်ပြည် ဆိုင်ရာ အမျိုးသား ဘတ်စကက်ဘော အဖွဲ့ချုပ်မှ လက်တွေ့ ကွင်းဆင်း လေ့လာပြီး တရုတ် နိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံကို နောက်ဆုံး ကျင်းပခွင့် လျှောက်ထားသည့် နိုင်ငံ အဖြစ် ရွေးချယ်ခဲ့ရမှ တရုတ် နိုင်ငံ မှ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.