Connect with us

Sport

တရုတ်နိုင်ငံမှ Liang က အမျိုးသမီး ကီလိုမီတာ ၅၀ လမ်းလျှောက်ပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်ချိုးခဲ့

အမျိုးသမီး ကီလိုမီတာ ၅၀ လမ်းလျှောက်ပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်ချိုးခဲ့သော တရုတ်နိုင်ငံမှ Liang အား တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်ခန်၊ တရုတ်၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ Liang Rui သည် မေလ ၅ ရက်က ၂၀၁၈ ခုနှစ် IAAF ကမ္ဘာလုံးဆိုင်ရာ လမ်းလျှောက်ပြိုင်ပွဲ ချန်ပီယံရှစ်ပြိုင်ပွဲများ၌ အမျိုးသမီး ကီလိုမီတာ ၅၀ ပြိုင်ပွဲတွင် စံချိန် ၄း ၀၄း ၃၆ နာရီဖြင့် အနိုင်ရရှိခဲ့ကာ ၎င်း၏ ပထမဆုံး တာဝေးလမ်းလျှောက်ပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်ချိုးခဲ့ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် Liang သည် ယခင်နှစ်က ပေါ်တူဂီနိုင်ငံမှ Ines Henriques က စံချိန်တင်ခဲ့သည့် ၄း ၀၅ း၅၆ နာရီထက် တစ်မိနစ်နှင့် ၂၀ စက္ကန့်မြန်ကာ ရွှေတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။

၎င်း၏ အသင်းဖော် Yin Hang ကမူ ၄း ၀၉း ၀၉ ဖြင့် ဒုတိယနေရာရရှိခဲ့ပြီး သြစတြေးလျနိုင်ငံမှ Claire Tallent က ၄း ၀၉း ၃၃ တတိယရရှိခဲ့ကြောင်း သိရသည်။

ယခင်ကမ္ဘာ့ချန်ပီယံ Henriques က ပြိုင်ပွဲအား အဆုံးထိယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.