Connect with us

Sport

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၏ ပျော်ရွှင်ဖွယ် အဏ္ဏဝါ အားကစားများ

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၏ ပျော်ရွှင်ဖွယ် အဏ္ဏ၀ါ အားကစား မြင်ကွင်းများ (ဓာတ်ပုံ- ဆင်ဟွာ )

ဟိုင်ခို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

အရပ်လေးမျက်နှာပင်လယ်ရေဝန်းရံနေသည့်ဟိုင်နန်ပြည်နယ်သည် အဏ္ဏဝါ အားကစားလုပ်ရန် အလွန်သင့်တော်သည့် နေရာဖြစ်သည်။ ၁၉၈၈ ခုနှစ် ဟိုင်နန်ပြည်နယ်စတင်တည်ထောင်ကာစတွင် အဏ္ဏဝါအားကစားသည် လူနည်းစုသာပါဝင်လှုပ်ရှားသည့် အားကစားဖြစ်သည်။

ထိုနောက် နှစ်ပေါင်း ၃၀ ကာလတွင် ဟိုင်နန်၏အဏ္ဏဝါအားကစားမှာ အရှိန်အဟုန်ဖြင့် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ရိုးရာရွက်လှေလွှင့်ခြင်း၊လေလှိုင်းစီးခြင်းစသည်တို့အပြင် Kiteboarding ၊ ရေငုပ်ခြင်းစသည့် အများနှစ်သက်ခေတ်စားကြသော အားကစား အသစ်တွေပါဝင်လာပါတော့သည်။

ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်ဝါဒကျင့်သုံးမှု ကျယ်ပြန့်လာသည်နှင့်အညီ နိုင်ငံတကာခရီးသွားကျွန်း တည်ဆောက်မှုများ အဆက်မပြတ်ထွန်းကားလာရာ အဏ္ဏဝါ အားကစားသည်လည်း နိုင်ငံတကာခေတ်ေ ရစီးကြောင်းသို့ ဝင်ရောက်လာပါသည်။ နိုင်ငံတကာ အဏ္ဏဝါ အားကစားပြိုင်ပွဲများကို ဟိုင်နန်တွင်ကျင်းပခဲ့ သောကြောင့် ဟိုင်နန်သည် အားကစား၊ ခရီးသွားနှစ်သက်သူအများအပြားစွဲမက်သည့် နေရာဖြစ်လာရာ ယခုဆိုလျှင် ဟိုင်နန်သည် အားကစားခရီးသွားစံပြနေရာနှင့်အဏ္ဏဝါအားကစား၏ကောင်းကင်ဘုံ ဖြစ်နေပါသည်။ (Xinhua)