Connect with us

Sport

ရန်ကုန်အကယ်ဒမီယူ-၁၃ ဘောလုံးအသင်း ထိုင်းကလပ် နာရာယူနိုက်တက်ကို ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်

ရန်ကုန်အကယ်ဒမီယူ-၁၃ ဘောလုံးအသင်း အားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် ကျင်းပလျက်ရှိသည့် Ayutthaya Asian Youth Football Festival 2018 ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပထမပွဲစဉ်တွင် ရန်ကုန်ဘောလုံးအကယ်ဒမီ လက်ရွေးစင် ယူ-၁၃ ဘောလုံးအသင်းက ထိုင်းအခြေစိုက်အသင်းဖြစ်သည့် နာရာယူနိုက်တက်ဘောလုံးအသင်းကို ၈ – ၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်အကယ်ဒမီ ယူ-၁၃ အတွက်ဂိုးများကို ကောင်းခန့်လွင် (၂)ဂိုး၊ ကောင်းဇေယျာလင်း၊ မောင်တော့၊ ဟန်မျိုးဇင် ၊သက်ပိုင်ထွဋ်၊ ကောင်းသန့်နှင့် စနေတိုးတို့က တစ်ဂိုးစီအသီးသီးသွင်းယူခဲ့ကြသည်။

Ayutthaya Asian Youth Football Festival 2018 ၏ ဗိုလ်လုပွဲကို ဇူလိုင်လ ၁၆ ရက် တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရန်ကုန်အကယ်ဒမီ ယူ-၁၃ အသင်းသည် ဗိုလ်လုပွဲစဉ်အဖြစ် ပီတီတီအကယ်ဒမီအသင်း နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.