Connect with us

ASEAN

ဗီယက်နမ်နိုင်ငံ၌COVID-19 လူနာသစ်တစ်ဦးထပ်တိုး ၊ စုစုပေါင်း ၁,၄၁၁ ဦးထိရှိလာ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဩဂုတ်၉ ရက်က အထက်တန်းကျောင်းစာမွေးပွဲသွားရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို ယာဉ်ထိန်းရဲများက ရေသန့်ဗူး ဝေငှပေးနေစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ဗီယက်နမ်နိုင်ငံ၌ ဒီဇင်ဘာ ၁၉ ရက်တွင် COVID-19 ရောဂါ အတည်ပြုလူနာသစ်တစ်ဦး ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၁,၄၁၁ ဦးထိ ရောက်ရှိသွားခဲ့ပြီးဖြစ်ကြောင်း နှင့် ၎င်းတို့အနက် သေဆုံးသူ ၃၅ ဦးရှိခဲ့ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါအတည်ပြုလူနာသစ်သည် မကြာသေးခင်က ပြည်ပမှ ဝင်ရောက်လာသော အသက် ၄၀ နှစ်အရွယ် နိုင်ငံခြားသူတစ်ဦးဖြစ်ပြီး ၎င်းသည် ဗီယက်နမ်နိုင်ငံအတွင်း ရောက်ရောက်ချင်းမှာပင် သီးခြား(quarantine) နေထိုင်နေခဲ့သူဖြစ်ကြောင်း ဝန်ကြီးဌာန ကဆိုသည်။ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ နောက်ထပ် သုံးဦးရှိကြောင်းလည်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံအတွင်း ဆေးရုံဆင်းခွင့်ရသူပေါင်း ၁,၂၆၉ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

 ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့၌ ဩဂုတ် ၉ ရက်က ကျင်းပသည့် အထက်တန်းကျောင်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသားကျောင်သူများအားတွေ့ရစဉ်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် လက်ရှိအချိန်၌ လူပေါင်း ၁၇,၀၀၀ နီးပါးကို သီးခြား(quarantine) ထား၍ အနီးကပ်စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ဝန်ကြီးဌာန ကဆိုသည်။(Xinhua)

——————————————-
(English Version)
Vietnam records new COVID-19 case, 1,411 in total
HANOI, Dec. 19 (Xinhua) — Vietnam recorded one new confirmed case of COVID-19 on Saturday, bringing its total tally to 1,411 with 35 deaths, according to its Ministry of Health.
The new case is a 40-year-old foreign woman who recently entered Vietnam from abroad and was quarantined upon arrival, said the ministry.
The ministry also reported that three more patients have recovered from the coronavirus epidemic, raising the total number of recoveries in the country to 1,269.
Currently, nearly 17,000 people are being quarantined and monitored, the ministry said. Enditem

Traffic police provide water for candidates of the High School Graduation Exam in the Vietnamese capital city of Hanoi on Aug. 9, 2020.
Photo taken on Aug. 9, 2020 shows candidates who test of the High School Graduation Exam in the Vietnamese capital city of Hanoi.