ASEAN
မလေးရှားနိုင်ငံတွင် ကပ်ရောဂါပြန့်ပွားမှုကို တုန့်ပြန်ရန် အသွားအလာကန့်သတ်မိန့် ထုတ်ပြန်
ကွာလာလမ်ပူ၊ မေ ၁၁ ရက်(ဆင်ဟွာ)
ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့လာမှုကို တုန့်ပြန်ရန်အတွက် မလေးရှားနိုင်ငံတွင် မေ ၁၂ ရက်မှ ဇွန် ၇ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသွားအလာကန့်သတ်ခြင်းအပါအဝင် သက်ဆိုင်ရာရောဂါထိန်းချုပ်စီမံရေးနည်းလမ်းများကို ပြုလုပ်သွားရန် အစိုးရက ဆုံးဖြတ်လိုက်ကြောင်း မလေးရှားဝန်ကြီးချုပ် Muhyiddin Yassinက မေ ၁၀ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ယခုကာလများတွင် မလေးရှား၏နေ့စဉ်ထပ်တိုးသည့် အတည်ပြုလူနာအရေအတွက်သည် ပျမ်းမျှအားဖြင့် (၄,၀၀၀)ကျော်ရှိရာ ပြည်သူ့ကျန်းမာရေးစနစ် ဝန်ပိအား များသည်ထက်များလာသော်လည်း လူအများစုက ရောဂါကာကွယ်ရေးအတွက် လိုက်နာမှုမရှိကြောင်း Muhyiddin Yassinက ယင်းနေ့တွင် ပြောကြားခဲ့သည်။ အခြေအနေများ တစ်ဆင့်ထပ်တိုး မဆိုးဝါးလာစေရန် အစိုးရအနေဖြင့် မဖြစ်မနေ ပို၍အားကောင်းသည့် နည်းလမ်းများကို ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အသွားအလာကန့်သတ် ကာလတွင် ပြည်သူလူထုအနေဖြင့် အရေးပေါ်အခြေအနေ၊ အလုပ်၊ ကာကွယ်ဆေးထိုးရန် စသည့် အခြေအနေများမှလွဲ၍ နေထိုင်ရာဒေသပြင်ပသို့ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း၊ ဆိုင်ထိုင်စားသောက်ခြင်း၊ လူစုလူဝေးပွဲလုပ်ခြင်းကို တားမြစ်ထားမည်ဖြစ်ပြီး စာသင်ကျောင်းများကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ အလုပ်ရှင်များအနေဖြင့် ရုံးတွင် လူဦးရေနည်းအောင် အလုပ်သမားဝန်ထမ်းများအား အိမ်တွင်အလုပ်လုပ်ကိုင်စေရမည်သလို လာမည့် ဥပုသ်ပွဲတော်နှင့်သက်ဆိုင်သည့် အခမ်းအနားများနှင့် ဘာသာရေးလှုပ်ရှားမှုများကိုလည်းကန့်သတ်မည်ဖြစ်ကြောင်း၊ သို့သော် စီးပွားရေးလုပ်ငန်းများအနေဖြင့် ကပ်ရောဂါကာကွယ်ရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ဆက်လက်လုပ်ကိုင်နိုင်ကြောင်း သိရသည်။
ဇန်နဝါရီ လကုန်ပိုင်းတွင် မလေးရှား၏နေ့စဉ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာဦးရေသည် (၅,၀၀၀)ကျော် ရှိခဲ့ရာ မလေးရှားအစိုးရက ဇန်နဝါရီ ၁၃ ရက်တွင် ကပ်ရောဂါအခြေအနေပိုဆိုးဝါးသည့် ကွာလာလမ်ပူစသည့် နေရာများတွင့် ကပ်ရောဂါကာကွယ်ရေးအဆင့် အမြင့်ဆုံးဖြစ်သည့် အသွားအလာကန့်သတ်မိန့်ကို ကျင့်သုံးခဲ့သည်။ ကပ်ရောဂါပြန့်ပွားလာမှုနှင့်အတူ ယင်းအသွားအလာကန့်သတ်မိန့် အကျုံးဝင်နေရာများ ပိုမို ကျယ်ပြန့်လာပြီး တစ်နိုင်ငံလုံး ဆာရာဝပ်ပြည်နယ်မှလွဲ၍ ကျန်ဒေသအားလုံးတွင်ပါ ကျင့်သုံးဆောင်ရွက်ခဲ့သည်။ တင်းကျပ်သည့် ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများက မလေးရှား၏ နေ့စဉ်ထပ်တိုးလူနာဦးရေးကို သိသိသာသာလျှော့ချနိုင်ခဲ့သည်။ ထို့ကြောင့် မလေးရှားအစိုးရက တစ်နိုင်ငံလုံးတွင် စည်းကမ်းအနည်းငယ်ဖြေလျှော့ပေးသည့် “အခြေအနေအရ အသွားအလာကန့်သတ်ခြင်း”နှင့်”ပြန်လည်နိုးထရေး အသွားအလာကန့်သတ်ခြင်း”ကို စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
သို့သော် စည်းမျဉ်းစည်းကမ်းလျှော့ချမှုနှင့်အတူ ကပ်ရောဂါတစ်ကျော့ပြန် ဖြစ်ပေါ်လာခဲ့သည်။ မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၀ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်များအရ အသစ်ထပ်တိုးသည့် ကိုဗစ်လူနာ (၃,၈၀၇)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၄၄၄,၄၈၄)ဦး ၊ စုစုပေါင်းသေဆုံးသူ (၁,၇၀၀)ဦး ရှိကြောင်း သိရသည်။ (Xinhua)
—————————————
(Chinese Version)
(国际疫情)马来西亚宣布实施“行动管制令”以应对疫情蔓延
2021-05-10 23:30:21
新华社吉隆坡5月10日电(记者林昊 郁玮)马来西亚总理穆希丁10日宣布,政府决定自5月12日至6月7日在全国范围内实施“行动管制令”以及相关管控措施,以应对新冠疫情蔓延的趋势。
穆希丁当天发表声明说,近期马来西亚单日新增新冠确诊病例数平均在4000例以上,公共医疗体系的压力越来越大,但不少民众却不遵守防疫措施。这迫使政府决定采取更强有力的举措以避免情况进一步恶化。
穆希丁表示,在“行动管制令”实施期间,民众除紧急情况、工作、接种疫苗等情况外不得离开所在地区,禁止餐馆堂食和社交聚集活动,学校等教育机构关闭,雇主落实员工居家办公措施以减少上班人数,即将到来的开斋节的相关庆祝和宗教活动也将受到限制。不过,经济活动可以在遵守防疫措施的前提下继续进行。
1月底,马来西亚单日新增新冠确诊病例数曾超过5000例,马政府1月13日在疫情较严重的吉隆坡等地实施防疫级别最高的“行动管制令”。随着疫情蔓延,“行动管制令”实施范围一度扩大至全国除沙捞越州外的所有地区。严格实施防疫管控措施使该国单日新增确诊病例数明显下降。因此,马政府逐步开始在全国实施相对宽松的“有条件行动管制令”和“复苏式行动管制令”。
然而,随着管控措施放松,疫情再度反弹。据马卫生部10日发布的疫情数据,该国新增确诊病例3807例,累计确诊444484例,累计死亡1700例。(完)
图说: 5月10日,在马来西亚吉隆坡附近,医务人员进行新冠病毒检测取样。