Connect with us

ASEAN

အိန္ဒိယတွင် ကပ်ရောဂါအခြေအနေ အထွတ်အထိပ်သို့မရောက်ရှိသေးသော်လည်း ကျေးရွာများတွင် ပူပန်စရာအခြေအနေဖြစ်ပေါ်လျက်ရှိ

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် Lockdown ကြေညာပြီးနောက် နေရပ်ပြန်မည့်သူများအား ကားဂိတ်တွင် မေလ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် (၂၄)နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၁၀,၀၀၀)ကျော် ရှိပြီး အသစ်ထပ်တိုးသေဆုံးသူ (၃,၉၈၀)ဦးရှိကြောင်း အိန္ဒိယအစိုးရ၏ မေ ၆ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ယင်းစံချိန်သစ်တင်သည့် ကိန်းဂဏန်းများက အိန္ဒိယ၏ကပ်ရောဂါအခြေအနေသည် အစိုးရခန့်မှန်းသည့်အတိုင်း အထွတ်အထိပ်ကို ရောက်ရှိနေခြင်း မရှိသေးသည်ကို ဖော်ပြကြောင်း ရိုက်တာသတင်းဌာနက ဆိုသည်။ အိန္ဒိယကျေးလက်တောရွာဒေသများ၏ ကပ်ရောဂါအခြေအနေသည် ကောင်းမွန်သည့်အလားအလာမရှိသေးကြောင်း ဆိုသည်။

အိန္ဒိယနိုင်ငံ ဂူဝါဟာတီမြို့ ကွာရန်တင်းစင်တာတစ်ခု၏ ခြံစည်းရိုးအနီးတွင် ရပ်နေသူများအား မေ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကြိုတင်ခန့်မှန်းမှု လွဲချော်ခဲ့

အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၆ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ပြီးခဲ့သည့် (၂၄)နာရီအတွင်း အသစ်ထပ်တိုးသည့် အတည်ပြုလူနာ (၄၁၂,၂၆၂)ဦး ၊ ထပ်မံသေဆုံးသူ (၃,၉၈၀)ဦးရှိရာ စုစုပေါင်းအတည်ပြုလူနာ (၂၁)သန်းကျော် နှင့် စုစုပေါင်းသေဆုံးသူ (၂၃၀,၀၀၀)ကျော် ရှိကြောင်း သိရသည်။ အိန္ဒိယတွင် လက်ရှိကူးစက်ခံထားရသော အတည်ပြုလူနာ (၃.၄၅) သန်းရှိကြောင်း ရိုက်တာ သတင်းဌာနက ဆိုသည်။

အစိုးရ၏ ကပ်ရောဂါဆိုင်ရာ ကိန်းဂဏန်းကြိုတင်တွက်ချက်မှု၌ မေ ၅ ရက်တွင် ကပ်ရောဂါအထွတ်အထိပ်ကို ရောက်ရှိမည်ဖြစ်သည်ဟု ခန့်မှန်းထားသည်။ယခုကပ်ရောဂါ ကိန်းဂဏန်းတွေက အထွတ်အထိပ်ကာလခန့်မှန်းချက်ကို လွဲချော်စေခဲ့ကြောင်း အိန္ဒိယ စီမံခန့်ခွဲမှုအင်စတီကျု ပါမောက္ခ Roji M John က ၎င်း၏တွစ်တာလူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံ ပတ္တနားမြို့၏ အချို့နေရာများတွင် Lockdown ချထားသည်ကို မေ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကပ်ရောဂါတတိယလှိုင်းကို ရှောင်လွှဲမရနိုင်တော့ကြောင်း၊ မည်သည့်အချိန်တွင် ဖြစ်ပွားမည်ကို ရှင်းရှင်းလင်းလင်းမသိနိုင်ကြောင်း အိန္ဒိယနိုင်ငံ အစိုးရ သိပ္ပံဆိုင်ရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် K. VijayRaghavan က မေ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဗီဇပြောင်း ဗိုင်းရပ်စ်သစ်တစ်မျိုးကြောင့် အိန္ဒိယတွင် ကပ်ရောဂါ လျင်မြန်စွာပြန့်ပွားလာခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ယူဆသည်။
ယင်းဗီဇပြောင်းဗိုင်းရပ်စ်သည် အသွင်းပြောင်းမှုလက္ခဏာ နှစ်မျိုး ရှိကြောင်း DPA သတင်းက ဆိုသည်။ အိန္ဒိယ မီဒီယာများကလည်း ထိုမတိုင်မီ ယင်းဗိုင်းရပ်စ်ကို “နှစ်ထပ်ကွမ်း အသွင်းပြောင်းဗိုင်းရပ်စ်”ဟု ခေါ်ဝေါ်ကြသည်။

ကျေးရွာဒေသများတွင် ပူပန်စရာအခြေအနေဖြစ်နေ

အိန္ဒိယ၏ လူဦးရေ (၇၀)ရာခိုင်နှုန်းရှိသည့် ကျေးရွာဒေသများတွင် ကပ်ရောဂါ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ရိုက်တာ သတင်းက ဆိုသည်။ မြို့ပြနှင့်နှိုင်းယှဉ်ပါက ယင်းဒေသများတွင် ပြည်သူ့ကျန်းမာရေးစနစ် ပို၍အားနည်းကြောင်းသိရသည်။

အိန္ဒိယ ကုသိုလ်ဖြစ်အသင်းတစ်ခုတွင် ညှိနှိုင်းဆောင်ရွက်ပေးနေသည့် Suresh Kumar က “ဥတ္တရပဒေသပြည်နယ် တစ်ချို့ကျေးရွာတွေမှာ ကိုဗစ်-၁၉ ကူးစက်လို့ အိမ်နှစ်အိမ်ကို လူတစ်ယောက်လောက် သေဆုံးတဲ့သူရှိတယ်” ဟု တောရွာဒေသများ၌ ကပ်ရောဂါဆိုးဝါးမှုအခြေအနေကို ပြောပြသည်။ သတင်းအချက်အလက် ပိတ်ဆို့မှုများကြောင့် လူအမြောက်အမြားက ကိုဗစ်-၁၉ ကို တုပ်ကွေးလို့သဘောထားနေကြကြောင်း ဆိုသည်။

ဂိုအာပြည်နယ်က တစ်နိုင်ငံလုံးတွင် ရောဂါကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်ပြီး ယခုအပတ်များတွင် လူနှစ်ဦးလျှင် တစ်ဦး၌ ကူးစက်မှုရှိနေကြောင်း ယင်းပြည်နယ်အရာရှိတစ်ဦးက ဆိုသည်။နယူးဒေလီရုပ်မြင်သံကြား သတင်းများအရ အိန္ဒိယတွင် လယ်သမား (၁၂)သန်းမှ (၁၄)သန်းခန့်သည် ကျေးရွာများကို ပြန်သွားကြကြောင်း၊ ၎င်းတို့အနက် အများစုမှာ မွမ်ဘိုင်းနှင့် နယူးဒေလီအစရှိသည့် မြို့ကြီးများတွင် Lockdown ချခြင်းကြောင့် မလွှဲသာ၍ နေရပ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

စိန်ခေါ်မှုများစွာရှိနေ

အိန္ဒိယ ဗဟိုအစိုးက ယနေ့ထိတိုင် ဘက်စုံ Lockdown နည်းလမ်းများကို ဆောင်ရွက်မှုမရှိသေးပေ။ ညမထွက်ရအမိန့်နှင့် ပိတ်ဆို့မှုများ ချမှတ်လုပ်ဆောင်ရန် နေရာအမြောက်အမြားရှိကြောင်း ဒေသခံအစိုးရများက ကြေညာခဲ့သည်။ မေ ၆ ရက်အထိ ကီရာလာ၊ ဟီမာချယ် ပရာဒက်ရှ်၊ မဟာရာရှ်ထရာ၊ သြရိဿ၊ ဘီဟာ ပြည်နယ်များ၊ မြို့တော် နယူးဒေလီစသည့် ပြည်နယ်နှင့်ဒေသ (၁၀)ခုကျော်တွင် ညမထွက်ရအမိန့်နှင့် ပိတ်ဆို့မှုအချို့ ချမှတ်လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အိန္ဒိယဆေးရုံများတွင် အောက်စီဂျင်လိုအပ်မှုပမာဏသည် ပြီးခဲ့သည့်လထက် (၇)ဆ ပိုတိုးလာကြောင်း အစိုးရအရာရှိတစ်ဦးက အေပီသတင်းထောက်ကို ပြောသည်။

လက်ရှိတွင် အရည်အောက်စီဂျင်လုံလောက်စွာ ရှိသော်လည်း ပို့ဆောင်နိုင်မှု အကန့်အသတ်ရှိနေခြင်း ဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီး Harsh Vardhan ဆိုသည်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့်အနောက်ပိုင်း ဒေသများ၏ အရည်အောက်စီဂျင်လိုအပ်မှုပမာဏများပြားနေသော်လည်း အရည်အောက်စီဂျင်ထုတ်လုပ်မှုအများစုသည် အရှေ့ပိုင်းဒေသများမှာဖြစ်ကြောင်းသိရသည်။ (Xinhua)

——————————————-
(Chinesee Version)

农村告急 印度疫情走势未抵“峰值”

新华社北京5月7日电(记者杜鹃)印度政府6日通报,过去24小时新增新冠确诊病例逾41万例,新增死亡病例3980例。
路透社解读,这两个刷新纪录的数据表明,印度疫情走势没有像政府数据模型预测那样达到峰值。这家媒体报道,印度农村地区疫情不容乐观。
预期落空
印度卫生部6日发布的数据显示,过去24小时新增确诊病例412262例,新增死亡病例3980例;累计确诊超过2100万例,累计死亡超过23万例。路透社报道,印度现有确诊患者345万人。
印度政府数据模型先前预测疫情有望在5日前达到峰值。
印度管理学院教授里霍•M•约翰在社交媒体推特留言,眼下的疫情数据令峰值来临的预期落空。
印度政府首席科学顾问维贾伊•拉加万5日在记者会上说,第三波疫情“不可避免”,不清楚何时到来。他认为,一种新的变异病毒可能是导致印度疫情快速蔓延的原因。
据德新社报道,这种变异病毒具有两种突变特征。印度媒体先前把它称为“双突变”病毒。
农村告急
路透社报道,拥有印度70%人口的农村地区正面临疫情威胁。相比城市,那里的公共卫生系统更为薄弱。
为印度一家慈善组织提供服务的协调员苏雷什•库马尔举例说明农村地区疫情严峻。在北方邦一些村落,“几乎每两间住房中就有人因感染新冠病毒死亡”。当地信息闭塞,许多人误把感染新冠当作流感。
西部果阿邦政府官员说,那里新冠感染率属全国最高,最近几周,几乎每两个人中就有一人确诊感染。
新德里电视台报道,印度大约1200万至1400万农民工近期返乡,其中大多数人因为孟买和新德里等大城市“封城”而被迫回家。
诸多挑战
印度中央政府迄今没有采取全面封锁举措。越来越多地方政府宣布实施宵禁或封锁。截至6日,包括喀拉拉邦、喜马偕尔邦、马哈拉施特拉邦、奥里萨邦、比哈尔邦和首都新德里的10多个邦和地区已宣布实施宵禁或封锁。
一名印度政府官员告诉美联社记者,印度医院的氧气需求量过去一个月增加了7倍。
印度卫生部长哈什•瓦尔丹说,印度现有液体氧气充足,只不过运输受到限制。北部和西部地区液氧需求量大,而大多数液氧在东部地区生产。

图说1: 5月5日,印度比哈尔邦宣布实施封锁措施后,人们在巴特那汽车站准备乘坐巴士返回家乡。(新华社发)
图说2: 5月6日,印度高哈蒂一处隔离区的居民站在栅栏旁。(新华社发)
图说3:这是5月5日在印度巴特那拍摄的实施部分封锁措施下的道路。(新华社发)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.