Connect with us

ASEAN

ထိုင်းနိုင်ငံ၌ အကျဉ်းထောင်အတွင်း အစုလိုက်အပြုံလိုက်ကူးစက်မှုကြောင့် COVID-19 ကူးစက်မှု စံချိန်တင်မြင့်တက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ skywalk ၌ လမ်းလျှောက်နေသူများအား ၂၀၂၁ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ အကျဉ်းထောင်အတွင်း အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုဖြစ်ပွားပြီးနောက် မေ ၁၃ ရက်တွင် နေ့စဉ် COVID-19 ရောဂါအသစ်ဖြစ်ပွားမှု အမြင့်ဆုံး စံချိန် ဖြစ်ခဲ့ကြောင်း COVID-19 အခြေအနေ စီမံခန့်ခွဲမှုစင်တာ (CCSA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၄ နာရီ အတွင်း နိုင်ငံအတွင်း ထပ်မံကူးစက်ခံရသူ ၄,၈၈၇ ဦး တွေ့ရှိခဲ့ပြီး ၂,၈၃၅ ဦးမှာ အကျဉ်းထောင်အတွင်း မှဖြစ်ပြီး ထပ်မံသေဆုံးသူ ၃၂ ဦးရှိခဲ့ကြောင်း CCSA မှ သိရသည်။

ဘန်ကောက်အထူးအကျဉ်းထောင်တွင် အကျဉ်းသား ၁,၇၉၅ ဦး နှင့် ဗဟိုအမျိုးသမီးများအကျဉ်းထောင်တွင် အကျဉ်းသား ၁,၀၄၀ ဦး ကူးစက်ခံရကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့ခြင်းနှင့်အတူ ဘန်ကောက်မြို့ ရှိ အကျဉ်းထောင် ၂ ခု ၌ ကြာသာပတေးနေ့ တွင် အစုလိုက် အပြုံလိုက်အပြုံလိုက် ကူးစက်ခံရမှုအသစ်များ ဖြစ်ပွားခဲ့ကြောင်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ကိုဗစ် တတိယလှိုင်း မြို့တော်ဘန်ကောက်သို့ စတင်ပျံ့နှံ့လာသည့်အချိန်မှ စ၍ နိုင်ငံတွင် ရောဂါကူးစက်မှုများမြင့်တက်လာခဲ့ပြီး လက်ရှိအချိန်ထိ ကူးစက်ခံရသူစုစုပေါင်း ၉၃,၇၉၄ ဦး ရှိခဲ့ကြောင်း နှင့် ဧပြီ လဆန်းမှ စ၍ သုံးဆပိုများလာကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှ စ၍ နိုင်ငံတွင် သေဆုံးသူ ပေါင်း ၅၁၈ ဦးရှိကြောင်း CCSA ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

————————————
(English Version)
Thailand reports record high new COVID-19 case count due to prison clusters
BANGKOK, May 13 (Xinhua) — Thailand has reported the highest daily count of COVID-19 new cases Thursday following new prison clusters, according to the Center for COVID-19 Situation Administration (CCSA).
The country reported 4,887 new infections in the last 24 hours, of which 2,835 were discovered in the prison system, and 32 additional fatalities, according to the CCSA.
Thursday’s spike in new infections came after the Department of Corrections reported new clusters in two Bangkok prisons, with 1,795 inmates having been infected at Bangkok Special Prison and 1,040 infections having been confirmed at Central Women Correctional Institution as of Wednesday
The new infections brought the country’s total caseload to 93,794, more than tripled from the beginning of April, when the third wave of the outbreak started to spread from the capital Bangkok.
The country’s total number of fatalities has risen to 518 since the pandemic began last year, according to the CCSA. Enditem