Connect with us

ASEAN

မွမ်ဘိုင်းတွင် နှာခေါင်းစည်းမတပ်သူများကို ပြစ်ဒဏ်ပေးမည့် လူထုလှုံ့ဆော်မှု စတင်

အိန္ဒိယနိုင်ငံ Bangalore မြို့တွင် COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း ရဲတပ်ဖွဲ့နှင့် Bruhath Bengaluru Mahanagara Palike (BBMP) မြူနီစီပယ် အရာရှိများက နှာခေါင်းစည်း မတပ်ဆင်ထားသူတစ်ဦးအား ဒဏ်ငွေရိုက်နေစဉ် (ဓာတ်ပုံ- Str/Xinhua)

မွမ်ဘိုင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

မွမ်ဘိုင်းမြို့ အများပြည်သူနေရာများတွင် နှာခေါင်းစည်း မတပ်ဆင်သည့် နိုင်ငံသား တစ်ရက်လျှင် ၂၀,၀၀၀ ဦးကို အပြစ်ပေးရန် စတင်လုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

နေ့စဉ်စစ်ဆေးမှုကို အနည်းဆုံးနောက်ထပ်တစ်လ ဆက်လက်လုပ်ဆောင်ရန် မွမ်ဘိုင်းမြို့မြူနီစီပယ်အဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း BrihanMumbai Municipal Corporation (BMC) ကော်မရှင်နာ I.S. Chahal က ပြောခဲ့သည်။“ဒါဟာ အလွန်အရေးကြီးပြီး ဒီမှာမဖြစ်မနေတင်ပြဖို့ လိုပါတယ်။ နိုင်ငံသားအများအပြား နှာခေါင်းစည်းမတပ်ကြဘူး။ ဒါဟာ နောင်မှာပိုခက်ခဲလာမယ့်အခြေအနေကို ဦးတည်သွားနိုင်တယ်။ ဒီလိုနဲ့ မွမ်ဘိုင်းရဲ့အခွင့်အလမ်းတွေ ပွင့်လင်းဖို့ နှောင့်နှေးနေတယ်”ဟု Chahal က ပြောခဲ့သည်။
ဧပြီ ၁ ရက်မှ စက်တင်ဘာ၂၆ ရက်အတွင်း အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်း မတပ်ဆင်သည့် လူပေါင်း ၁၄,၀၀၀ ဦးခန့်ကို BMC က ဒဏ်ငွေရိုက်ခဲ့ပြီးဖြစ်သည်။အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့သည် ဒေလီနှင့် ဘန်ဂါလူရူ မြို့များပြီးနောက် COVID-19 ဒဏ်ခံခဲ့ရသည့် တတိယမြောက်အဆိုးရွားဆုံးမြို့ ဖြစ်ပြီး COVID-19 ကူးစက်ခံရသူ ၂၂၉,၄၄၆ ဦး ရှိခဲ့ရာတွင် လက်ရှိရောဂါဖြစ်ပွားနေသူ ၂၅,၇၆၇ ဦးရှိကာ သေဆုံးသူ ၉,၄၃၃ ဦးရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.