Connect with us

ASEAN

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ COVID-19 ရောဂါတိုက်ဖျက်ရေး အတွေ့အကြုံများ မျှဝေ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးဆေးရုံ(ယာယီကျန်းမာရေးစင်တာ)တစ်ခုသို့ ဇွန် ၁၃ ရက်တွင် တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ သွားရောက်ခဲ့စဉ်(ဆင်ဟွာ)

ဒါကာ ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် အကူအညီပေးနိုင်ရန် ရောက်ရှိနေသော တရုတ်ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များက ၎င်းတို့၏ အတွေ့အကြုံများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပညာရှင်များနှင့်အတူ မျှဝေခဲ့ကြောင်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ် လခြမ်းနီ(Red Crescent) အဖွဲ့မှ အကြီးတန်းအရာရှိများက တရုတ်ပညာရှင်များအား ကျေးဇူးတင်ရှိကြောင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကျွမ်းကျင်ပညာရှင်များ စေလွှတ်ခြင်းအတွက် တရုတ်နိုင်ငံ အစိုးရအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဒါကာမြို့ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် COVID-19 ကြိုတင်ကာကွယ်ရေးအစီအစဉ်များ လုပ်ဆောင်ထားပုံကို တရုတ်ဆေးဘက်ဆိုင်ရာပညာရှင်များ ကြည့်ရှုလေ့လာ(ဆင်ဟွာ)

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့သည် ဇွန် ၁၄ ရက်တွင် ဆေးရုံများ နှင့် ဒါကာမြို့ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ခဲ့ပြီး COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး အတွက် အကြံဉာဏ်များ ပေးခဲ့ကြောင်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပညာရှင်များက တရုတ်-ဘင်္ဂလားဒေ့ရှ် နှစ်ဘက်အကြား သတင်းအချက်အလက် ဖလှယ်ခြင်း နှင့် ဆက်ဆံရေး ချောမွေ့ခြင်းတို့သည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် တရုတ်ရိုးရာတိုင်းရင်းဆေးပညာကို အလွန် စိတ်ဝင်စားမှု ရှိခဲ့ကြောင်း သိရသည်။ 

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဇွန် ၈ ရက်တွင် ရောက်ရှိခဲ့ပြီး COVID-19 ကပ်ရောဂါ ဆန့်ကျင်တိုက်ဖျက်ရေးတွင် ထောက်ပံ့ပေးနိုင်ရန် ရက်သတ္တပတ် နှစ်ပတ်ကြာ နေထိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.