Connect with us

ASEAN

စင်ကာပူ နိုင်ငံ တွင် တစ်နေ့အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၇၅၂ ဦး တိုးမြင့်လာ

စင်ကာပူ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရခြင်း ရှိမရှိ စစ်ဆေးပေးနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ မေ ၁၅ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က မေလ ၁၄ ရက် နေ့လယ် ၁၂ နာရီ အချိန်ထိ စင်ကာပူ နိုင်ငံ တွင် COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၇၅၂ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၆,၀၉၈ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ လူနာ ၁,၁၆၄ ဦး က ရောဂါ မှ ထပ်မံ ပြန်လည်သက်သာလာခဲ့ပြီး စုစုပေါင်း ပြန်လည်ကောင်းမွန်လာသူ ၅,၉၇၃ ဦး ရှိကာ စုစုပေါင်း သေဆုံးသူ ၂၁ ဦး ရှိကြောင်း မေလ ၁၄ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သည်။

သတင်းဖော်ပြချက်များအရ COVID-19 ရောဂါ ကူးစက်ခံရကြောင်း ထပ်မံစစ်ဆေးတွေ့ရှိသူ အများစု က အဆောင်တွင် နေထိုင်ကြသည့် ပြည်ပ မှ အလုပ်သမားများ ဖြစ်ကြပြီး ဒေသတွင်း ပြည်သူလူထု ကူးစက်ခံရမှု က ၂ ခု သာရှိကြောင်း သိရှိရသည်။

စင်ကာပူ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရခြင်း ရှိမရှိ စစ်ဆေးပေးနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရခြင်း ရှိမရှိ စစ်ဆေးပေးနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ရောဂါကူးစက်ခံရကြောင်း ထပ်မံတွေ့ရှိသူများ အနက် ၉၉ ရာခိုင်နှုန်း က ယခင် ရောဂါ ကူးစက်ခံရသူ နှင့် ဆက်နွယ်မှုရှိကြောင်း ပြောကြား ခဲ့သည်။

စင်ကာပူ နိုင်ငံ ရှိ COVID-19 ရောဂါ ကူးစက်ခံရသူအများစု က ပြည်ပ မှ အလုပ်သမားများ ဖြစ်ကြကြောင်း ၊ စာရင်းပြုစုချက်အရ စင်ကာပူ နိုင်ငံ တွင် ပြည်ပ မှ အလုပ်သမား ၂ သိန်းခန့် က အလုပ်သမား သီးသန့် အဆောင်ပေါင်း ၄၃ ခု တွင် အတူတကွ နေထိုင် ကြပြီး ပြည်ပ အလုပ်သမား ၁ သိန်း ခန့် က အမျိုးမျိုးသော နေအိမ်များ တွင် နေထိုင်ကြကြောင်း သိရှိရသည်။  (Xinhua)