Connect with us

ASEAN

အိမ်မွေးခွေးကလေး နှစ်ကောင်အား ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရာ positive ဖြစ်နေသည်ကို ဂျပန်နိုင်ငံ၌ ပထမဆုံးတွေ့ရှိ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇူလိုင် ၁၆ ရက်က အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ အိမ်မွေးခွေးကလေးတစ်ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) 

အိမ်မွေးတိရစ္ဆာန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည်ကို ပထမဆုံးအကြိမ်တွေ့ရှိရကြောင်း ဂျပန်နိုင်ငံက ဩဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ 

အိမ်မွေးခွေးကလေး နှစ်ကောင်အား ကိုရိုနာဗိုင်းရပ်စ် nucleic acid စစ်ဆေးရာတွင် positiveဖြစ်နေကြောင်း၊ ၎င်းတို့သည် ရောဂါလက္ခဏာသိသိသာသာပြသခြင်းမရှိကြောင်း သိရသည်။ ခွေးပိုင်ရှင်နှစ်ဦးစလုံးသည် COVID-19ရောဂါ ကူးစက်ခံထားရသူများဖြစ်ရာ ဇူလိုင်လကုန်ပိုင်းတွင် ၎င်းတို့၏ ခွေးကလေးနှစ်ကောင်အား စောင့်ရှောက်ရန်  အိမ်မွေးတိရစ္ဆာန်အာမခံကုမ္ပဏီထံသို့ အပ်နှံထားခဲ့ကြောင်း သိရသည်။ 

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇူလိုင် ၃၁ ရက်က ပါးစပ်နှာခေါင်းစည်းတပ် သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ) 

အဆိုပါခွေးကလေးနှစ်ကောင်အား ဆေးစစ်မှု အကြိမ်များစွာ ပြုလုပ်ခဲ့ရာတွင် နှာခေါင်းတို့ပတ်၊အာခေါင်တို့ပတ် စစ်ဆေးမှုအားလုံးတွင် positveဖြစ်နေကြောင်း၊ သို့သော်လည်း ဗိုင်းရပ်စ်ကူးစက်ခံမှုရှိမရှိကို လုံးဝအတည်မပြုနိုင်သေးကြောင်းနှင့် antibody detectionလုပ်ရန် လိုအပ်နေသေးကြောင်း အာမခံကုမ္ပဏီက ဆိုသည်။ 

အဆိုပါအာမခံကုမ္ပဏီသည် ဧပြီလမှစတင်၍  COVID-19ရောဂါဖြစ်ပွားသူများအတွက် အခမဲ့ အိမ်မွေးတိရစ္ဆာန်ကူညီစောင့်ရှောက်ပေးသည့် ဝန်ဆောင်မှုပြုလုပ်ခဲ့ရာ လက်ရှိအချိန်ထိ အိမ်မွေးတိရစ္ဆာန်ပေါင်း ၄၂ ကောင်ကို ကူညီထိန်းသိမ်းစောင့်ရှောက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။ 

ယနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်သည် အိမ်မွေးတိရစ္ဆာန်မှတစ်ဆင့်ကူးစက်ကြောင်း သက်သေအထောက်အထား မရှိသေးဟု ဂျပန် သဘာဝ ပတ်ဝန်းကြီဆိုင်ရာ ဝန်ကြီးဌာန မှ အရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကား ၍ Kyodo သတင်းဌာနက ဖော်ပြခဲ့သည်။ 

ဂျပန်နိုင်ငံတွင် မေ လကုန်ပိုင်းမှစ၍ COVID-19 အရေးပေါ်အခြေအနေကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ဖြေလျှော့ပေးခဲ့ရာ ဇွန်လကုန်ပိုင်းတွင် ရောဂါဖြစ်ပွားသူအရေအတွက် ထောင်တက်လာခဲ့ကြောင်း နှင့်  မြို့တော်တိုကျိုစသည့် မြို့အများစုနှင့်ဒေသများတွင် အသစ်ထပ်တိုးလူနာအရေအတွက်သည် ကြိမ်ဖန်များစွာ  စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.