Connect with us

ASEAN

ဂျပန်နိုင်ငံတွင် တစ်ရက်အတွင်း လူပေါင်း ၁,၃၀၀ ကျော် COVID-19 ရောဂါ ထပ်မံ ကူးစက် ခံရ

ဂျပန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားစဉ် အတွင်း လူများ နှာခေါင်းစည်း တပ်၍ သွားလာနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံ NHK သတင်းဌာန ၏ ထုတ်ပြန်ကြေညာချက် အရ သြဂုတ် ၅ ရက် ၂၀ နာရီ ၃၀ မိနစ် အချိန်ထိ ဂျပန် နိုင်ငံ တွင် တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၁,၃၄၃ ဦး ရှိ ခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၄၂,၇၉၉ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ ရောဂါကြောင့် သေဆုံးသူ ၅ ဦး ထပ်မံတိုးမြှင့် ခဲ့ရာ စုစုပေါင်းသေဆုံးသူ  ၁,၀၂၈ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ သြဂုတ်လ တွင် တစ်ရက်လျှင် ကူးစက်ခံရမှု အသစ် လူ တစ်ထောင်အောက် အထိ ရှိနေကြောင်း သိရသည်။

သြဂုတ် ၅ ရက် တွင် တိုကျို မြို့ ၌ ကူးစက်ခံရသူ ၂၆၃ ဦး တိုးမြင့် ခဲ့ပြီး ၉ ရက် ဆက်တိုက် လူပေါင်း ၂၀၀ ကျော် နေ့စဉ် ကူးစက်ခံခဲ့ရကြောင်း ၊ တိုကျိုမြို့ တွင် ကူးစက်ခံရသူ စုစုပေါင်း ၁၄,၂၈၅ ဦး အထိ ရောက်ရှိလာ ခဲ့ပြီး ကူးစက်ခံမှုများသည့် အခြားဒေသများမှာ အိုဆာကာ စီရင်စု ဖြစ်ပြီး ၁၉၆ ဦး ထပ်မံ ကူးစက်ခံခဲ့ရကြောင်း ၊ Aichi စီရင်စု တွင် ၁၄၇ ဦး ၊ Fukuoka စီရင်စု တွင် ၁၂၃ ဦး ၊ Kanagawa စီရင်စု တွင် ၈၁ ဦး နှင့် Okinawa စီရင်စု တွင် ၇၇ ဦး အသီးသီးရှိကြောင်း သိရသည်။  

Aichi စီရင်စု အနေဖြင့် သြဂုတ် ၄ ရက် ၌ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ပြည်သူများအား သြဂုတ် ၆ ရက် မှ ၂၄ ရက် အချိန် အထိ အတက်နိုင်ဆုံး လူစုဝေး၍ စားသောက်ခြင်း ၊ နယ်မြေဖြတ်ကျော်သွားလာခြင်း နှင့် မလိုအပ်သော လှုပ်ရှားမှုများ မပြုလုပ်ရန် ကြေညာ ခဲ့ကြောင်း ၊ သို့သော် လုပ်ငန်း ကုမ္ပဏီများ အား ရပ်နားရန် တောင်းဆိုထားခြင်း မရှိကြောင်း ၊ Okinawa စီရင်စုတွင် သြဂုတ် ၁ ရက် ၌ အရေးပေါ် အခြေအနေ ကြေညာ ခဲ့ပြီး မေလ ၌ ဂျပန် နိုင်ငံ အရေးပေါ် အခြေအနေ ပယ်ဖျက်ပြီးနောက် ပထမဦးဆုံး အရေးပေါ် အခြေအနေ ပြန်လည်ကြေညာခံရသည့် ဒေသတစ်ခုဖြစ်လာကြောင်း သိရှိရသည်။

စာရင်းပြုစုချက်များအရ ဂျပန် နိုင်ငံ တွင် လူပေါင်း ၂၈,၀၂၈ ဦး ဆေးရုံများမှ ပြန်လည်ဆင်းခွင့်ရခြင်း သို့မဟုတ် ရောဂါ ပြန်လည် သက်သာလာခြင်း ရှိခဲ့ကြောင်း ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၈၉၇,၀၀၀ ခန့် ကို COVID-19 ရောဂါ စစ်ဆေးပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

Okinawa စီရင်စု ၏ ထုတ်ပြန်ကြေညာချက် အရ သြဂုတ် ၅ ရက် ၁၂ နာရီ အချိန်ထိ ယင်းဒေသ ရှိ အမေရိကန် စစ်အခြေခိုက်စခန်း တွင် ရောဂါ ကူးစက်ခံရသူ ၃ ဦး တိုးမြင့်လာ ခဲ့ပြီးနောက် ကူးစက်ခံရသူ စုစုပေါင်း ၂၈၉ ဦးထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။  (Xinhua)