Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို Sinovac ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူ

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို (ဝဲ) တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှု ခံယူနေသည်ကို ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုသည် တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ဂျကာတာမြို့တော်ရှိ သမ္မတနန်းတော်၌ ဇန်နဝါရီ ၂၇ ရက်က ခံယူခဲ့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကလိုပဲ နာကျင်မှုမရှိပါဘူး”ဟု ဝီဒိုဒိုက ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် ပြောကြားခဲ့သည်။ဂျိုကိုဝီသည် ပထမအကြိမ် COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၁၃ ရက်က ခံယူခဲ့ခြင်းဖြစ်သည်။

 

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို (ဝဲ) တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှု ခံယူနေသည်ကို ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

အင်ဒိုနီးရှားနိုင်ငံ COVID-19 လုပ်ငန်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Reisa Broto Asmoro က ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုသည် ကိုယ်ခံအားစနစ်ကို မိတ်ဆက်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ဒုတိယအကြိမ်မြောက် ဆေးသည် ကိုယ်ခံအားတုံ့ပြန်မှုကို ကြံ့ခိုင်ရန် ကြိုတင်ပုံဖော်ထားခြင်းဖြစ်ကြောင်း ဆိုသည်။
“ပဋိပစ္စည်းတွေက ဒုတိယမြောက် ကာကွယ်ဆေးထိုးပြီးတဲ့နောက် ၁၄ ရက်ကနေ ၂၈ ရက်အတွင်း ထွက်ပေါ်လာမှာဖြစ်ပါတယ်” ဟု Brotoasmoro က ဖြည့်စွက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် လာမည့်နှစ်မတိုင်မီ လူဦးရေ ၁၈၁.၅ သန်းအထိ COVID-19 ကာကွယ်ဆေးထိုးပေးရန် လုပ်ဆောင်နေပြီး လူအုပ်စုအကြား ကိုယ်ခံအားစနစ် ရရှိလာစေရန်နှင့် ကပ်ရောဂါအဆုံးသတ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံမှု ပထမကာလကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဆောင်ရွက်သွားမည်ဖြစ်ကာ ကျန်းမာရေးဝန်ထမ်း ၁.၃ သန်း၊ အစိုးရဝန်ထမ်း ၁၇.၄ သန်းနှင့် သက်ကြီးရွယ်အို ၂၁.၅ သန်းတို့ကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။

ဒုတိယကာလကိုမူ ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ဆောင်ရွက်သွားမည်ဖြစ်ကာ ရောဂါကူးစက်နိုင်ခြေ မြင့်မားသူ ၆၃.၉ သန်းနှင့် အခြားသူ ၇၇.၄ သန်းတို့အား ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Indonesian president receives 2nd injection of Sinovac vaccine

JAKARTA, Jan. 27 (Xinhua) — Indonesian President Joko Widodo on Wednesday received his second injection of the COVID-19 vaccine developed by China’s biopharmaceutical company Sinovac Biotech at the Presidential Palace in Jakarta.
“Like two weeks ago, it is no pain,” Widodo said after the vaccine was injected.
Jokowi received his first shot of the COVID-19 vaccine on Jan. 13.
The Indonesian COVID-19 Task Force’s spokesperson Reisa Broto Asmoro said the first dose is aimed at introducing the vaccine to the immune system, while the second dose is to strengthen the immune response that has been formed beforehand.
“These antibodies will be optimal in 14-28 days after the second injection,” Brotoasmoro added.
Indonesia has set a target of giving the COVID-19 vaccine to 181.5 million people until next year to create herd immunity and end the pandemic.
The first period of vaccination is carried out from January to April 2021, for inoculating 1.3 million medical workers, 17.4 million public workers, and 21.5 million elderly people.
The second period will run from April 2021 to March 2022 to administer the vaccine to 63.9 million vulnerable people and 77.4 million others. Enditem
1-2- Indonesian President Joko Widodo (L) receives his second injection of the COVID-19 vaccine developed by China’s biopharmaceutical company Sinovac Biotech at the Presidential Palace in Jakarta, Indonesia, Jan. 27, 2021. Jokowi received his first shot of the COVID-19 vaccine on Jan. 13. (Muchlis Jr/Presidential Press Bureau/Handout via Xinhua)