Connect with us

ASEAN

COVID စစ်ပွဲတွင် ရောဂါကူးစက်ခံရသူဦးရေ သန်း ၁၀၀ ဖြင့် သမိုင်းမှတ်တိုင်တွင်ခဲ့ပြီ

အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ပြည်နယ် ထန်ဂျရန်မြို့ရှိ ရပ်ကွက်တစ်ခု၌ ရှေ့တန်းရောက် ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုထားသည့် နံရံဆေးရေးပန်းချီရှေ့တွင် စက်ဘီးစီးသွားသော နှာခေါင်းစည်းတပ်ဆင်ထားသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားမှုမှာ ဇန်နဝါရီ ၂၇ ရက် အစောပိုင်း၌ အရေအတွက်သည် သန်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ရာ လူသားများအနေဖြင့် နိုးနိုးကြားကြားရှိရမည့် အခိုက်အတန့်တစ်ခုအဖြစ် ဝမ်းနည်းဖွယ် သမိုင်းမှတ်တိုင်တစ်ခုကို မှတ်ယူရမည်ဖြစ်ပြီး အသက်သေစေနိုင်သော ရောဂါတိုက်ဖျက်ရေး ခက်ခဲကြမ်းတမ်းသော တိုက်ပွဲ၌ အလှည့်အပြောင်းတစ်ခု အဖြစ် ရောက်ရှိဆောင်ကြဉ်းလာခဲ့ပြီဖြစ်သည်။

အဆိုပါ ကပ်ရောဂါသည် လက်ရှိတွင် ကမ္ဘာတစ်ဝန်း လူ ၇၈ ဦးလျှင် တစ်ဦးနှုန်း ကူးစက်ခံနေရပြီး လူပေါင်း ၂ သန်းကျော် သေဆုံးခဲ့ကာ ကမ္ဘာတွင် အထူးဝမ်းနည်းစရာအခြေအနေသည် ကပ်ရောဂါစတင်ဖြစ်ပွားသော အစောပိုင်းနေ့ရက်များ၌ ကြိုတင်မျှော်လင့်ထားသော အရာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင် နှာခေါင်းစည်းတပ်ဆင်ထားသည့် စက်ဘီးစီးနင်းသူတစ်ဦးကို မော်တော်ကားနောက်ကြည့်မှန်မှတစ်ဆင့် မြင်တွေ့ရစဉ် (ဆင်ဟွာ) 

COVID ရောဂါကူးစက်မှု ဆိုးရွာစွာဖြစ်ပေါ်နေပြီး သေဆုံးအရေအတွက်မှာလည်း ဆက်လက် မြင့်တက်လာခြင်းနှင့်အတူ ပြည်သူများက ဗိုင်းရပ်စ်အပေါ် ကြောက်ရွံ့မှုက ဗိုင်းရပ်စ်ထက် ပိုမိုအန္တရာယ်ရှိလာသည်။ သိပ္ပံနည်းကျ လေ့လာမှုများကလည်း ကြီးထွားလာသော ကပ်ရောဂါဒဏ်နှင့် မြင့်တက်လာသော “စိတ်ပိုင်ဆိုင်ရာ ဒဏ်ရာရရှိမှု” ဖြစ်စဉ် တိုက်ဖျက်ရေး သတိပေးချက်ကို ခိုင်မာလာစေခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ရောဂါဖြစ်ပွားမှု လျော့ကျစေခြင်းနှင့် ရောဂါတိုက်ဖျက်ရေး တိုက်ပွဲအား ပြောင်းလဲပစ်ရေး စတင်ခြင်းအတွက် လူသားမျိုးနွယ်၏ ပြင်းပြသောဆန္ဒကို ဆောလျင်စွာ အကောင်အထည်ဖော်ရန် နိုင်ငံများအားလုံးအနေဖြင့် အခြားရွေးချယ်စရာမရှိသော်လည်း အတူတကွ အားအင်ဖြည့်တင်းလျက် မှန်ကန်သော အရာများ လုပ်ဆောင်ရမည်သာ ဖြစ်သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ လမ်းတစ်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ထားသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပထမဆုံး ဦးစားပေးအနေဖြင့် ကာကွယ်ဆေး အများဆုံး ထုတ်လုပ်ရန်ပင်ဖြစ်သည်။ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များ ကမ္ဘာ့နိုင်ငံအတော်များများတွင် စတင်ဆောင်ရွက်ခြင်းနှင့်အတူ ကမ္ဘာ့အသိုင်းအဝိုင်းအတွက် ကူးစက်မှုကျဆင်းခြင်းနှင့် သေဆုံးမှု နည်းပါးခြင်းများဖြင့် နွေဦးရာသီသစ်ကို ဆီးကြိုရန် ဖြစ်နိုင်ခြေရှိနေဆဲပင်ဖြစ်သည်။

မည်သို့သော ထိရောက်သော ကာကွယ်ဆေးများဖြစ်စေကာမူ လူပေါင်းမည်မျှ ကာကွယ်ဆေးထိုးနှံနိုင်သနည်း ဆိုခြင်းနှင့် အနီးကပ်ဆက်နွှယ်နေနိုင်ပါသည်။ထို့ကြောင်း ကမ္ဘာ့နိုင်ငံများအနေဖြင့် ဉာဏ်နီဉာဏ်နက်များသော ဗိုင်းရပ်စ်ကို အပြင်းအထန်တိုက်ဖျက်ရန် မိမိနိုင်ငံသားများကို အကာအကွယ်ကွန်ရက်ပုံစံတစ်ခုအတွင်း ရောက်ရှိရန် ကာကွယ်ဆေးထိုးပေးသင့်ပေသည်။

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့ရှိ ဆေးရုံတစ်ရုံတွင် တရုတ်နိုင်ငံ Sinovac ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ) 

ယင်းမှာပြည်သူလူထုအတွက် အသစ်ပေါ်ပေါက်လာသော ကာကွယ်ဆေးများက ဆောင်ကြဉ်းပေးခဲ့သော သတိရှိသော စွန့်စားမှုအလားအလာဖြစ်နိုင်သည့် သဘာဝဖြစ်သော်လည်း အကျိုးကျေးဇူးများက ငြင်းပယ်၍မရှိနိုင်ဘဲ စိုးရိမ်ပူပန်မှုများလည်း အလေးသာစေခဲ့သည်။

ထို့ကြောင်း ကမ္ဘာပေါ်ရှိ အစိုးရများနှင့် ကျန်းမာရေးအသိုင်းအဝိုင်းများက ကာကွယ်ဆေးအပေါ် ချီတုံချတုံ စိုးရိမ်ပူပန်မှုများနှင့် ပြည်သူများ ပိုမိုလက်ခံယုံကြည်လာရေးအတွက် ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်းတို့၏ လမ်းညွှန်မှုအခန်းကဏ္ဍများ၌ ပါဝင်သင့်ပေသည်။

ယင်းနောက် နိုင်ငံ နယ်နိမိတ်များအတွင်းနှင့် ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးဖြန့်ဖြူးမှု တန်းတူညီမျှရှိရေးကိစ္စရပ်သည်လည်း ထွက်ပေါ်လာသည်။

နိုင်ငံအချို့တွင် ကာကွယ်ဆေးရရှိမှု ပရမ်းပတာဖြစ်မှုနှင့် အထူးအခွင့်အရေးအနေဖြင့် တန်းစီဇယားကို ကျော်လွှားသည့် လူမှုရေးအရရက်စက်မှုများကို ကြုံတွေ့နေရသောကြောင့် အစိုးရများအနေဖြင့် ကာကွယ်ဆေး ခွဲဝေးခြင်းနှင့် ဖြန့်ဖြူးရေးစနစ်များကို သင့်မြတ်စွာ ဆောင်ရွက်သွားသင့်ကြောင်း၊ သို့မှသာ ရှေ့တန်းမှ ကျန်းမာရေးစောင့်ရှောက်သူများနှင့် မရှိမဖြစ် အလုပ်သမားများကဲ့သို့ အထိုက်တန်ဆုံး လူပုဂ္ဂိုလ်များမှာ အချိန်မီ ကာကွယ်မှုရရှိနိုင်မည် ဖြစ်သည်။

ကာကွယ်ဆေးများ မျှတစွာမရရှိခြင်းက ကမ္ဘာ့စင်မြင့်ပေါ်တွင် အထူးတလည် ကြေကွဲဝမ်းနည်းဖွယ်ရာအဖြစ် ပေါ်ပေါက်လာလျက်ရှိသည်။ အချို့သော ချမ်းသာသည့်နိုင်ငံများတွင် ကာကွယ်ဆေးကို ငွေကြေးပိုမိုရရှိစေရန် ကုမ္ပဏီများ ယှဉ်ပြိုင်ကြရာတွင် ကာကွယ်ဆေးများကို သိုလှောင်ထားလျက်ရှိသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အထိ နိုင်ငံပေါင်း ၅၀ တွင် ကာကွယ်ဆေးအလုံးရေ သန်း ၄၀ နီးပါး ရောက်ရှိနေချိန်တွင် အာဖရိကနိုင်ငံတစ်နိုင်ငံတွင် ကာကွယ်ဆေး ၂၅ လုံးသာ ရရှိခဲ့သည်။ ကမ္ဘာကြီးက “ကြီးမားလှသော လူ့အသက်ဆုံးရှုံးမှု ချောက်ကမ်းပါးစွန်းပေါ်မှာ” ရောက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သတိပေးခဲ့သည်။

နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ နိုင်ငံများအားလုံးအတွက် ကာကွယ်ဆေး ညီတူညီမျှရရှိရန် COVAX ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်မှုအတွက် တွန်းအားပေးသင့်သည်။

ကာကွယ်ဆေးများဟူသည် တန်ခိုးရှင်မဟုတ်ပေ။ ပြည်သူများအနေဖြင့် ကာကွယ်ဆေးတစ်ခုတည်းကသာ နောက်ဆုံးအောင်မြင်မှုကို ဆောင်ကြဉ်းပေးနိုင်မည်ဟူသော လက်တွေ့မကျသည့် တွေးခေါ်မှုမျိုးကို တွန်းလှန်ရမည်ဖြစ်သည်။ နိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏ နိုင်ငံသားများ ကာကွယ်ဆေးထိုးနှံစဉ်တွင် ရောဂါကာကွယ်ရေး ဆောင်ရွက်ချက်များဖြစ်သော လော့ခ်ဒေါင်းပြုလုပ်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လူချင်းခပ်ခွာခွာနေထိုင်ခြင်း စသည်တို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖိအားပေးပြောကြားသင့်သည်။

အရေးကြီးဆုံးမှာမူ ဗိုင်းရပ်စ်နှင့် လပေါင်းများစွာ ကြာမြင့်သည့် ခါးသီးလှသောတိုက်ပွဲက လူသားမျိုးနွယ်၏ အားနည်းချက်အချို့ကို ဖော်ထုတ်လျက်ရှိသည်။ ယင်းအနက် အရေးပါဆုံးမှာ လူသားများအားလုံးသည် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် အတူတကွ ချိတ်ဆက်နေသည်ဟူသော အသိဉာဏ်မျိုး ကင်းမဲ့နေခြင်းပင်ဖြစ်သည်။

ကမ္ဘာတစ်ဝန်း ပြည်သူများနှင့် ကုန်စည်များ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုသည် ကမ္ဘာလုံးဆိုင်ရာ လေကြောင်းနှင့် ပင်လယ်ရေကြောင်းခရီးရှည်များဖြင့် ကူးလူးသွားလာခဲ့ပြီး ကမ္ဘာကြီး၏ ဝေးလံလှသော နေရာများထိတိုင်အောင် ဗိုင်းရပ်စ်က ပျံ့နှံ့သွားစေနိုင်စွမ်းရှိပေသည်။ ယင်းမှာ ရှေးခေတ်ကာလကနှင့် လုံးဝကွဲပြားခြားနားလျက်ရှိပါသည်။

ပြင်းထန်သော ကပ်ရောဂါက သတိရှိခြင်း အခိုက်အတန့်ကို ပေးစွမ်းလျက်ရှိသည်။ အထူးသဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် လူသားပြိုင်ပွဲတစ်ခု၏ ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ၎င်းတို့၏ စုပေါင်းတာဝန်ကို နားလည်သဘောပေါက်ကာ ဖြည့်စွမ်းရန် စတင်လေ့လာသင့်ပေသည်။ ထိုအရာသည် ဗိုင်းရပ်စ်ကို သုတ်သင်ရန် သို့မဟုတ် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာ့အသိုင်းအဝိုင်းအတွက် ညီမျှသော မရှိမဖြစ် အစိတ်အပိုင်း တစ်ရပ်လည်းဖြစ်သည်။

“ကမ္ဘာ့သမိုင်းမှာ ပထမဆုံးအကြိမ်အတွက် ကမ္ဘာတစ်ဝန်းက လူတွေအနေနဲ့ သေသေချာချာ သိနားလည်ဖို့ကတော့ ကျွန်တော်တို့အားလုံးဟာ ဝိုင်းဝန်းခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတာဖြစ်ပြီး ဘယ်နိုင်ငံကမှ တစ်နိုင်ငံတည်း မကျော်လွှားနိုင်ပါဘူး” ဟု Guns, Germs, and Steel စာအုပ်ရေးသားသူ ပူလစ်ဇာဆုရှင် Jared Diamond က ပြီးခဲ့သည့်လက အတွေးအမြင်တစ်ခု ရေးသားခဲ့သည်။

“အကယ်၍ ကမ္ဘာ့ပြည်သူတွေက COVID-19 လျော့ကျဖို့ အတူတကွ ချိတ်ဆက်ပြီး မဖြစ်မနေလုပ်ဆောင်သွားကြမယ်ဆိုရင် အတူတကွ ချိတ်ဆက်ကာ ရာသီဥတုပြောင်းလဲမှု အရင်းအမြစ်လျော့နည်းလာခြင်းနဲ့ ညီမျှမှုမရှိခြင်းတွေကို တိုက်ဖျက်ဖို့ စိတ်ဓာတ်ခွန်အားရရှိလာစေမှာပါပဲ” ဟု ၎င်းက တွေးဆပြောခဲ့သည်။

ပိုမိုကောင်းမွန်သောအရာများ မရရှိမီ အဆိုးများကို ကြုံရစမြဲပင်ဖြစ်သည်။ ရောဂါကူးစက်မှုများနှင့် သေဆုံးမှုများအားလုံးပြီးပါက ကပ်ရောဂါနှင့်အတူ အရာဝတ္ထုများက မကြာမီတွင် ပိုမိုကောင်းမွန်သော မည်သည့်အခြေအနေမျိုးကိုမဆို စတင်ရရှိနိုင်တော့မည်ဖြစ်ပြီး လူသားသဘောဝ နတ်ကောင်းနတ်မြတ်များက ကမ္ဘာလုံးဆိုင်ရာ အနာဂတ် အကျပ်အတည်းများအတွက် နိုးထလာနိုင်ခဲ့ပြီဖြစ်ပေသည်။ (Xinhua)

#COVID_19, #100mln, #Milestone, #Global, #Xinhua, #ကမ္ဘာလုံးဆိုင်ရာ, #သန်း၁၀၀, #သမိုင်းမှတ်တိုင်, #ဆင်ဟွာ #
…………………………………………
(English Version)
Xinhua Commentary: Make 100 mln milestone turning point in COVID war

by Xinhua writer He Fei
BEIJING, Jan. 27 (Xinhua) — As the world marked 100 million global COVID-19 caseload early Wednesday, the human race should take the new grim milestone as a moment of awakening, put on a spurt and bring about a turning point in its arduous battle against the deadly pathogen.

The pandemic has now infected one in every 78 people worldwide and killed over 2 million, an acutely heartrending situation perhaps few in the world could have ever anticipated in the early days of the outbreak.

With the already appalling COVID caseload and death tally continuing to snowball, the danger of people turning ever numb to the virus is far more menacing than the virus itself. Scientific studies are already sounding the alarm against growing pandemic fatigue and the rising phenomenon of “psychic numbing.”
To flatten the global curve and start to tip the war against the disease in humankind’s favor as soon as possible, all countries have no other choice but to buck up and do the right things together.

The first priority is to make the most of the vaccines. With vaccination programs rolling out in many parts of the globe, it is still plausible for the world community to embrace a new spring with slower infections and fewer deaths.

How effective vaccines can be is closely associated with how many people can get vaccinated.
Therefore, countries worldwide should inoculate as many of their people as possible to form a protective netting against the raging onslaught of the cunning virus.
It is natural for the public to be wary of potential risks brought by new-born vaccines, but the benefits are undeniable, and do outweigh concerns.
Thus, governments and health communities around the world should play their guiding roles in addressing the concerns of the vaccine-hesitant and turn more people into adopters.
Then comes the issue of equitable vaccine distribution within national boundaries and across the world.

As some nations are witnessing chaotic roll-out and social outrage over queue-jumping of the privileged, governments should optimize the vaccines’ allocation and distribution systems, so that the most deserving people, such as front-line health care and essential workers, can get protected in time.
Inequitable access to vaccines appears even more acute and heart-wrenching on the world stage. Some rich economies have been hoarding doses, while companies compete for a bigger financial piece of the vaccine pie.

As of last week, while nearly 40 million vaccine doses have been administered in 50 countries, an African nation only received 25 doses. World Health Organization Director-General Tedros Adhanom Ghebreyesus warned that the world is “on the brink of a catastrophic moral failure.”
Countries and international organizations should push for such global initiative as COVAX to ensure fair availability of vaccines to countries, both rich and poor.
Vaccines, of course, are not omnipotent. People must resist the impractical thinking that vaccines alone can bring about the final victory. While vaccinating their populations, countries should press on with proven preventive measures like lockdowns, mask-wearing and social distancing.

Most importantly, many months of the bitter battle with the virus have exposed some of the flaws of the humankind. Chief among them is a lack of awareness that the wellbeing of all human beings is connected together in this age of globalization.

The free movement of people and goods across the planet, made possible by global air travels and maritime voyages, has enabled the virus to spread to even the most remote corner of the world. That is unlikely in ancient times.

However, while the human race is basking in the benefits of modern technologies, it is not sobering enough of the accompanying risks, let alone what it means to be a citizen of the global village.

The raging pandemic offers a moment of awakening. To be more specific, individuals should start learning to realize and fulfill their collective obligations as a member of the human race. That is an indispensible part of the equation for the world community to stamp out the virus or tackle climate change.

“For the first time in world history, people around the world are being forced to acknowledge that we all face a shared threat that no country can overcome by itself,” Jared Diamond, the Pulitzer Prize-winning author of Guns, Germs, and Steel, wrote in an opinion piece last month.

“If the world’s peoples join together, under compulsion, to defeat COVID-19 … they may become motivated to join together, under compulsion, to combat climate change, resource depletion, and inequality,” he pondered.

Things get worse before they get better. It is hoped that after all the infections and deaths, things with the pandemic can start to get better any time soon, and the better angels of the human nature can be awakened for future crises of global proportions. Enditem
1- A man wearing face mask rides past a mural saluting frontline workers at a neighborhood in Tangerang, Banten province, Indonesia, Jan. 26, 2021. (Xinhua/Zulkarnain)
2- A man with a face mask riding a bicycle is seen from a side mirror of a vehicle in Toronto, Canada, on Jan. 25, 2021. (Photo by Zou Zheng/Xinhua)

3- People wearing face masks walks on the street in New York, the United States, Jan. 23, 2021. (Photo by Michael Nagle/Xinhua)

4- A medical worker displays China’s Sinovac COVID-19 vaccine at a hospital in Baku, Azerbaijan, Jan. 18, 2021. (Photo by Tofik Babayev/Xinhua)