Connect with us

ASEAN

ကိုဗစ်ကာကွယ်ဆေး ဓာတ်မတည့်မှုဖြစ်ပွားသူ (၄၄၇)ဦးရှိဟု အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန ပြော

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အိန္ဒိယနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ (၂)သိန်း(၂)သောင်းကျော် ရှိပြီး ယင်းတို့အနက် ဓာတ်မတည့်မှုဖြစ်ပွားသူ စုစုပေါင်း(၄၄၇)ဦးရာ အများစုမှာ လက္ခဏာအနည်းငယ်ပြခြင်းဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်အထိ ဓာတ်မတည့်သူအများစုသည် ကိုယ်ပူ၊ ခေါင်းကိုက်၊ အော့အန်ခြင်းစသည့် လက္ခဏာအနည်းငယ်သာပြကြောင်း၊ သို့သော် (၃)ဦးသည် ဆေးရုံတင် စောင့်ကြည့်ကုသမှုခံယူခဲ့ရာ ၎င်းအနက် (၂)ဦးမှာ ဆေးရုံဆင်းပြီဖြစ်ကြောင်းနှင့် ကျန်တစ်ဦးကို ကျန်းမာရေးစောင့်ကြည့်နေဆဲဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့သည်။ အစီအစဉ်အရ ပထမဆုံးနေ့တွင် ကာကွယ်ဆေးထိုးနှံမည့်သူ (၃)သိန်းရှိမည်ဖြစ်သော်လည်း နာမည်စာရင်းပေးသွင်းလျှောက်ထားသူအများအပြားက ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ လာရောက်ခြင်းမရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယခုလ ၃ ရက်နေ့က အိန္ဒိယဆေးဝါးထိန်းချုပ်မှုဗဟို (DCGI)သည် အရေးပေါ်အသုံးပြုရန် ကိုဗစ်ကာကွယ်ဆေး(၂)မျိုးကို ခွင့်ပြုခဲ့ရာ တစ်မျိုးမှာ Oxford နှင့် ဗြိတိန် AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းသုတေသနပြုထားသည့် အိန္ဒိယSerum Instituteမှထုတ်လုပ်သည့် Covishieldကာကွယ်ဆေးဖြစ်ပြီး နောက်တစ်မျိုးမှာ အိန္ဒိယနိုင်ငံမှသုတေသနပြုထုတ်လုပ်သည့် Covaxinဖြစ်ကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးနှစ်မျိုးစလုံးသည် (၂)ကြိမ် ခွဲထိုးရန်လိုအပ်ပြီး အပူချိန် ၂ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီ စင်တီဂရိတ်အတွင်း သိုလှောင်သိမ်းဆည်းနိုင်ကြောင်း သိရသည်။(Xinhua)

—————————————————
(Chinese Version)

(国际疫情)印度报告447例新冠疫苗不良反应

新华社新德里1月18日电(记者胡晓明)印度卫生部17日发表声明说,已有22万多人接种新冠疫苗,共报告447例接种后不良反应,大多比较轻微。
声明说,截至目前,报告的不良反应大多比较轻微,包括发烧、头痛、恶心等,但有3人在产生不良反应后需入院观察治疗,其中2人已出院,另有1人尚在医院观察。
  印度16日在全国范围内启动新冠疫苗接种工作。按计划,首日会有30万人接种疫苗,但许多已登记申请接种的人没有出现在疫苗接种点。
本月3日,印度药品管理总局正式批准在印度紧急使用两款新冠疫苗,一款是由英国牛津大学与阿斯利康公司联合研发、印度血清研究所生产的Covishield,另一款是由印度本土机构合作研发生产的Covaxin。据介绍,两款疫苗都将分为两剂注射,可在2至8摄氏度的温度下储存。(完)

新华社照片,孟买,2021年1月16日
(新华视界)印度全国启动新冠疫苗接种工作
1月16日,在印度孟买,医护人员与一名接种新冠疫苗的女子交流。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.