Connect with us

CHINA

တရုတ်နိုင်ငံတွင် ဩဂုတ် ၉ ရက်က ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၄၉ ဦးရှိ၊ ၎င်းတို့အနက် ၁၄ ဦးမှာ ဒေသတွင်း ကူးစက်သူများ ဖြစ်

တရုတ်နိုင်ငံတွင် မော်တော်ယာဉ်များအား ပိုးသတ်သန့်စင်ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်နယ်ဒေသ ၃၁ ခု(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုမှတိုက်ရိုက်အုပ်ချုပ်သောမြို့)နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ ဩဂုတ် ၉ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ အစီရင်ခံချက်များအရ ကိုဗစ် အသစ်ထပ်တိုး အတည်ပြုလူနာ ၄၉ ဦးရှိ ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။ 

အသစ်ထပ်တိုးကူးစက်သူ ၄၉ ဦးအနက် ပြည်ပမှဝင်ရောက်လာသောသူ ၃၅ ဦး(ရှန်ဟိုင်း ၁၈ ဦး၊ ဆန်းတုန်း ၄ ဦး၊ စီချွမ်း ၄ ဦး၊ ကွမ်တုန်း ၃ ဦး ၊ ဆန်ရှီး ၃ ဦး၊ လျောင်းနင် ၂ ဦး၊ ကျဲ့ကျန်း ၁ ဦး)ရှိပြီး ရှင်းကျန်းတွင် ဒေသတွင်း ကူးစက်သူ ၁၄ ဦး ရှိကြောင်း သိရသည်။ 

ယင်းနေ့တွင် အသစ်ထပ်တိုးရောဂါ ပျောက်ကင်း ဆေးရုံဆင်းသွားသူ ၆၄ ဦး၊ အနီးကပ်စောင့်ကြည့်မှုမှ ဖြေလျှော့လိုက်သူ ၂,၃၀၅ ဦး ရှိပြီး ရောဂါပြင်းထန်သောလူနာအရေအတွက်သည် ပြီးခဲ့သော ရက်ထက် ၂ ဦး လျော့နည်းသွားကြောင်း သိရသည်။ လက်ရှိတွင် ပြည်ပမှ ဝင်ရောက်လာသော အတည်ပြုလူနာသည် ၁၃၂ ဦး ၊သံသယလူနာ ၇ ဦးရှိပြီး စုစုပေါင်းအတည်ပြုလူနာ ၂,၁၆၉ ဦးတွင် ၂,၀၃၇ ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသွားပြီဖြစ်ရာ သေဆုံးလူနာ မရှိကြောင်း သိရသည်။ 

ဩဂုတ် ၉ ရက် ၂၄:၀၀ နာရီအချိန်အထိ တရုတ်နိုင်ငံ ပြည်နယ်ဒေသ ၃၁ ခု (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဗဟိုမှတိုက်ရိုက်အုပ်ချုပ်သောမြို့)နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ လက်ရှိအတည်ပြုလူနာ စုစုပေါင်း ၈၀၂ ဦး (ရောဂါပြင်းထန်သော လူနာ ၄၁ ဦး ပါဝင်)၊ စုစုပေါင်း ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသွားသူ ၇၉,၂၃၂ဦး ၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ဦး ရှိပြီး စုစုပေါင်း အစီရင်ခံသည့် အတည်ပြုလူနာ ၈၄,၆၆၈ ဦး၊ လက်ရှိ သံသယလူနာ ၇ ဦး ရှိကြောင်း သိရသည်။ အနီးကပ်စောင့်ကြည့်ခဲ့သူ စုစုပေါင်း ၈၀၀,၈၀၉ ဦး ၊ ဆေးရုံတွင် အနီးကပ်စောင့်ကြည့်မှု ခံယူနေသူ ၂၄,၀၅၅ ဦး ရှိကြောင်း သိရသည်။

ဩဂုတ် ၉ ရက် အစီရင်ခံချက်များအရ အသစ်ထပ်တိုးသည့် လက္ခဏာမပြ ရောဂါကူးစက်သူ ၃၁ ဦး ရှိရာတွင် ၂၄ ဦးမှာ ပြည်ပမှဝင်ရောက်ခြင်းဖြစ်ကြောင်း၊  ယင်းနေ့တွင် အတည်ပြုလူနာ အဖြစ်ပြောင်းလဲသွားသူ ၃ ဦး ၊အနီးကပ်စောင့်ကြည့်မှုမှ ဖြေလျှော့လိုက်သူ ၁၅ ဦးရှိကြောင်း၊ အနီးကပ်စောင့်ကြည့်မှုခံယူနေသော လက္ခဏာမပြကူးစက်သူ ၂၈၃ ဦး(၎င်းတို့အနက် ပြည်ပမှဝင်ရောက်လာသူ ၁၃၆ ဦး)ရှိကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ် ဒေသမှ ပေးပို့သည့် ကိန်းဂဏန်းများအရ စုစုပေါင်း အတည်ပြုလူနာ ၄,၆၀၂ ဦးရှိရာ ၎င်းတို့အနက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၄,၀၇၉ဦး(ဆေးရုံဆင်းသူ ၂,၈၄၇ဦး၊ သေဆုံးသူ ၅၂ ဦး)၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၄၆ ဦး (ဆေးရုံဆင်းသူ ၄၆ ဦး)၊ ထိုင်ဝမ်ဒေသတွင် ၄၇၇ ဦး(ဆေးရုံဆင်းသူ ၄၄၁ ဦး၊ သေဆုံးသူ ၇ ဦး) အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.