Connect with us

CHINA

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 တိုက်ဖျက်ရေးတွင် ထူးချွန်စွာပါဝင်ဆောင်ရွက်ခဲ့သူ လေးဦးအား ဂုဏ်ပြုဆု အပ်နှင်းရန် လက်မှတ်ရေးထိုး

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား ပေကျင်းမြို့၌ ဇူလိုင် ၃၁ ရက်က ပြုလုပ်သည့် BDS-3 ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်နိုင်ခြင်း အခမ်းအနားတွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သူ လေးဦးအား နိုင်ငံတော်ဆုတံဆိပ် နှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ရန် သမ္မတအမိန့်ဒီဂရီတစ်ရပ်ကို ဩဂုတ် ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ ၂၁ ကြိမ်မြောက် အစည်းအဝေးတွင် လူပုဂ္ဂိုလ် လေးဦးအား နိုင်ငံတော်ဆုတံဆိပ် နှင့် ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ရန် မဲပေးဆုံးဖြတ်ခဲ့ပြီးနောက် သမ္မတရှီ၏ အမိန့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

သမ္မတဆုတံဆိပ် ( Medal of the Republic) ကို အသက်ရှူလမ်းကြောင်း ဆိုင်ရာ အဆုတ်ရောဂါကျွမ်းကျင်ပညာရှင် Zhong Nanshan အားပေးအပ်ချီး‌မြှင့်ခဲ့သည်။နိုင်ငံတော်ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ပြည်သူ့သူရဲကောင်း(the People’s Hero) ဆုကို အနောက်တိုင်းဆေးပညာနှင့် တရုတ်တိုင်းရင်းဆေးပညာကို ပေါင်းစပ်၍ COVID-19 ကုသရေးတွင် ထိရောက်အောင် ပံ့ပိုးစွမ်းဆောင်ပေးနိုင်ခဲ့သည့် တရုတ်ရိုးရာတိုင်းရင်းဆေးဝါးကျွမ်းကျင်ပညာရှင် Zhang Boli ၊ ဝူဟန့်မြို့ရှိ ကိုရိုနာဗိုင်းရပ်စ်ကုသရေးသတ်မှတ်ဆေးရုံ Jinyintan ဆေးရုံအကြီးအကဲ Zhang Dingyu နှင့် COVID-19 နှင့်ပတ်သက်သော ကာကွယ်ဆေး နှင့် ရောဂါခုခံကာကွယ်ရေးဆေးဝါ အတွက် အခြေခံသုတေသန နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အဓိကအောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် တပ်မတော် ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင် Chen Wei တို့အား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကဏ္ဍတစ်ခုချင်းစီတွင် ထူးချွန်ထက်မြတ်သော ကျွမ်းကျင်ပညာရှင်များစွာ ပေါ်ထွက်ခဲ့သည်။ ဆုပေးအပ်ချီးမြှင့်ရန် ဆုံးဖြတ်ချက်သည် ကပ်ရောဂါတိုက်ဖျက်ရေးတွင် ထူးကဲစွာ ပါဝင်စွမ်းဆောင်ခဲ့သူများ နှင့် ၎င်းတို့၏ သစ္စာရှိမှု နှင့် ဇွဲလုံးလ နှင့် အခြားကြီးမြတ်သော အရည်အချင်းတို့ဖြင့် ကြိုးပမ်းအားထုတ်မှုအပေါ် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသူများအား နိုင်ငံတော်၏ အမြင့်ဆုံး ဆုတံဆိပ်ပေးအပ်ချီးမြှင့်ခြင်းမှာတရုတ်နိုင်ငံ ပြည်သူများ၏ တစ်စိတ်တစ်ဝမ်းထဲ ရှိသော စိတ်ဓာတ်ကို အပြည့်အဝ ဖော်ညွှန်းခြင်းဖြစ်ကြောင်း နှင့် ၎င်းတို့၏ အလွန်ထူးခြားသော ရဲစွမ်းသတ္တိ နှင့် ပထမရာစုနှစ်ပန်းတိုင်အောင်မြင်မှု နှင့် တရုတ်လူမျိုးတို့၏သွင်ပြင်လက္ခဏာနှင့်အတူ ဆိုရှယ်လစ်စနစ် ကြီးမားစွာ ဖြစ်ထွန်းစေရန်အတွက် တရုတ်ပြည်သူများအတူတကွ ချီတက်ရန် ရည်ရွယ်ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.